投稿

6月, 2024の投稿を表示しています

Shining Solo Kanji

イメージ
■ 証 あかし သက်သေ ■ 麻 あさ ဂုန်လျှော် ■ 脚 あし အောက်ခြေပိုင်း ■ 跡  あと ခြေရာ/အကြွင်းအကျန် ■ 穴 あな အပေါက် ■ 尼 あま မယ်သီလရှင် ■ 網 あみ ပိုက်ကွန် ■ 渦 うず ရေဝဲ ■ 器 うつわ ပန်းကန်/စွမ်းရည် ■ 噂 うわさ ကောလဟလ ■ 餌 えさ အစာ ■ 公 おおやけ public ■ 丘 おか တောင်ကုန်း ■ 沖 おき Open sea ■ 雄 おす အထီး ■ 斧 おの ပုဆိန် ■ 親 おや မိဘ ■ 核 かく အနုမြူ ■ 陰 かげ    အရိပ် ■ 頭 かしら ထိပ်ပိုင်း ■ 塊 かたまり အစိုင်အခဲ ■ 株 かぶ အစုရှယ်ယာ ■ 壁 かべ နံရံ ■ 釜 かま ဒယ်/ဒန်အိုး ■ 雷 かみなり မိုးကြိုး ■ 癌 がん ကင်ဆာ ■ 曲 きょく သီချင်း ■ 茎 くき ရိုးတံ ■ 管      くだ ပိုက် ■ 雲 くも ကောင်းကင် ■ 煙 けむり မီးခိုး ■ 獣 けもの တောရိုင်းတိရစ္ဆာန် ■ 琴 こと စောင်း ■ 暦 こよみ ပြက္ခဒိန် ■ 侍 さむらい samurai ■ 潮 しお ဒီရေ ■ 軸 じく ဝင်ရိုး ■ 島 しま ကျွန်း ■ 城 しろ ရဲတိုက် ■ 巣 す အသိုက် ■ 酢 す ရှာလကာရည် ■ 筋 すじ ကြွက်သား ■ 炭 すみ မီးသွေး ■ 隅 すみ ဒေါင့် ■ 墨 すみ မင် ■ 丈 たけ အလျား ■ 盾 たて  ဒိုင်း ■ 種 たね မျိုးစေ့ ■ 旅 たび ခရီး ■ 魂  たましい spirit ■ 腸 ちょう အူ ■ 筒 つつ ဆလင်ဒါ/ဘူးအရှည် ■ 綱 つな ကြိုး(တုတ်) ■ 角 つの ဦးချို ■ 翼 つばさ တောင်ပံ ■ 毒 どく အဆိပ် ■ 扉 とびら တံခါးရွက် ■ 泥 どろ ရွှံ့ ■ 苗 なえ ပျိုးပင် ■ 謎 なぞ ပဟေဠိ ■ 鉛 なまり ခဲ ■ 波 なみ လှိုင်း ■ 涙 なみだ မျက်ရည် ■ 縄...

စာကျက်နည်း

イメージ
စာကျက်နည်း ① Vocab ဘယ်လိုကျက်ရမလဲ? ② Kanji မှတ်မိအောင် ဘယ်လိုကျက်ရမလဲ? ③ Grammar မှတ်မိအောင်ဘယ်လိုလေ့ကျင့်မလဲ? ④ Listening ဘယ်လိုလေ့ကျင့်ရမလဲ ⑤ စကားပြောရဲအောင် ဘယ်လိုလေ့ကျင့်ရမလဲ? ① Vocab ဘယ်လိုကျက်ရမလဲ? Vocab ဆိုတာ ဘာသာစကားတစ်ခုရဲ့ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဝေါဟာရကြွယ်ဝမှ တစ်နည်းအားဖြင့် စာလုံးတွေကိုသိထားမှ အခြားအစိတ်အပိုင်းတွေဖြစ်တဲ့ စာဖတ်စွမ်းရည်၊ နားထောင်စွမ်းရည်၊ စကားပြောစွမ်းရည်တွေလည်း တိုးတက်လာမှာဖြစ်တဲ့အတွက်ကြောင့်ပါ။ စာလုံးတွေအများကြီး မှတ်မိနေဖို့က စာကျက်တာအပြင်၊ ဒီဘာသာစကားအပေါ်မှာ စိတ်ပါဝင်စားမှုဆိုတဲ့ စိတ်လေးပါရှိနေဖို့အရေးကြီးပါတယ်။ ကျွန်တော်တို့ စာအုပ်ထဲမှာ လေ့လာထားတဲ့ စာလုံးက ၁၀၀ ရှိတယ်ဆိုရင် Fb ပို့စ်လေးတစ်ခုမှာ တွေ့လို့ မှတ်လိုက်တဲ့စာလုံး၊ shopping လုပ်ရင်း သိလာတဲ့ စာလုံး၊ ရုံးက လူကြီးပြောလို့ မသိပေမယ့် ရှာကြည့်ပြီး မှတ်မိသွားတဲ့ စာလုံး စသဖြင့်ပါ။ ကိုယ်တိုင်ရှာဖွေလေ့လာကြည့်ထားတဲ့ စာလုံးတွေက အခြားသူတွေ ဘာသာပြန်ပေးထားတဲ့ စာလုံးတွေကို မှတ်တာထက်ပိုမှတ်မိတာမလို့ အစပိုင်းမှာ အချိန်ကြာကောင်းကြာနိုင်ပေမယ့် ရေရှည်မှာ ကိုယ့်အတွက် အသုံးအများကြီး ဝင်ပါတယ်။ သိချင်တာတစ်ခုခုရှိရင...

စတင်ပါ

イメージ
ဒီဇိုင်နာဖြစ်ချင်တာ၊ သင်တန်းတက်ဖို့ပိုက်ဆံစုလိုက်ဦးမယ်။ စာရေးချင်တာ ကွန်ပျူတာကောင်းကောင်းလေးမရှိသေးလို့။ စာတွေဖတ်ချင်ပေမယ့် စာအုပ်မဝယ်နိုင်သေးဘူး။ လှလှလေးနေချင်ပေမယ့် skin careတွေက ဈေးကြီးတယ်။ ဗီဒီယိုလေးတွေဖန်တီးချင်ပေမယ့် ကင်မရာကောင်းကောင်းမဝယ်နိုင်သေးဘူး။ မီးမလာလို့ စာမကျက်တော့ဘူး။ ဒီအကြောင်းအရာတွေကို ဖတ်လိုက်တာနဲ့ ဒါတွေအကုန်လုံးက အကြောင်းပြချက်တွေပေးနေတာပဲဆိုတာ စာဖတ်နေတဲ့သူရော ကျွန်တော်ရော နားလည်ပါတယ်။ အချိန်တိုင်းမှာ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုလိမ်နေကြတယ်။ အရာအားလုံး perfectဖြစ်မှ၊ အရာအားလုံးပိုင်ဆိုင်ထားမှ အဆင်ပြေနေမှ စတင်မယ်ဆိုပြီး စိတ်ကူးထားတယ်ဆိုရင် ဒီလိုလေးတွေးကြည့်ပေးပါ။ အရာအားလုံးအဆင်ပြေနေမှတော့၊ အရာအားလုံးပိုင်ဆိုင်ထားမှတော့ စတင်စရာကိုမလိုနေပါဘူး။ ■ စတင်ရတယ်ဆိုတာ ဘာမှအဆင်သင့်မဖြစ်သေးတဲ့အချိန် စတင်ရမှာပါ။ Start before you are ready. ■ ဖြစ်နိုင်ပါ့မလား ဆိုတဲ့ တွေဝေမှုတွေရှိနေရင်းနဲ့ကို စတင်ရမှာပါ။ Start with fear and doubt ■ အရာအားလုံးပိုင်ဆိုင်ထားတဲ့အခြေအနေရောက်မှမဟုတ်ဘဲ ရှိတာလေးတွေနဲ့ပဲ အရင်ဆုံးစတင်ရမှာဖြစ်ပါတယ်။ Start with what you have

ကျက်လိုက်တဲ့စာတွေကဘယ်နားရောက်သွားတာလဲ

イメージ
  ကျက်လိုက်တဲ့စာတွေက ဘယ်နားရောက်သွားတာလဲ။ ဘယ်နားမှာရှိနေတာလဲ။ တစ်ခါတလေ စာလုံးတစ်ခုခုကိုမြင်လိုက်ရင်သိ စိတ်ကသိနေတာမဟုတ်ဘဲ မသိစိတ်ကသိနေတာ~~ ဥပမာ 人(ひと)ဆိုတဲ့ စာလုံးက သိစိတ်ကသိနေတဲ့ စာလုံးမျိုးဖြစ်ပြီး၊ အခြားခက်တဲ့စာလုံးတွေ  家賃 通貨 資金 勝負 貸借 စတာမျိုးတွေကျ မသိစိတ်ကသိနေတဲ့စာလုံးတွေ။ တကယ်ပါ တစ်ခါတလေ ကိုယ့်ဘာကိုယ်အဲ့စာလုံးကိုသိနေမှန်းတောင်မသိနေဘူး။ မြင်တော့မှ ဖတ်ကြည့်ပြီး ငါသိနေတာပဲဆိုပြီး ဖြစ်သွားတာမျိုး။ ဘာသာစကားဆိုတာ စိတ်နဲ့လေ့လာတာထက် ခန္ဓာကိုယ်နဲ့လေ့လာရတာပါတဲ့။ ပူတဲ့အရာတစ်ခုခုကို ထိမိရင်အားး ပူလိုက်တာ ဆိုပြီး ထအော်တာက မသိစိတ်ကအော်လိုက်မိတာဖြစ်ပြီး သိစိတ်ကထုတ်ပြောလိုက်တာမဟုတ်ပါဘူး။ ဒါကဘာသာစကားပါ။ အဲ့ဒါကြောင့်ပဲ ကလေးငယ်လေးတွေ စကားပြောတတ်နေတာပေါ့။ ဘာသာစကားတစ်ခုနဲ့ရင်းနှီးဖို့အတွက်ကစာတတ်စရာမလိုပါဘူး။ ဒါပေမယ့် စာကျက်ဖို့တော့လိုတာပေါ့။ စိတ်ကစာကျက်ပါ။ စာလုံးတွေကိုခန္ဓာကိုယ်ကမှတ်ထားပေးပြီး တကယ်လိုအပ်လာရင်ထုတ်ပေးပါလိမ့်မယ်နော်။

3B

イメージ
ဘာလုပ်ရမလဲဆိုတာ မသိဘူးဖြစ်နေတဲ့သူတွေအတွက် Idea အသစ်တွေအမြန်ဆုံးရရှိနိုင်မယ့် 3B လို့ခေါ်တဲ့နည်းလမ်းလေးကိုမိတ်ဆက်ပေးပါရစေ။ 3B - The Bed, The Bath and The Bus လို့ခေါ်တဲ့နည်းလမ်းလေးဖြစ်ပါတယ်။ အိပ်ရာထဲမှာ၊ ရေချိုးခန်းထဲမှာ၊ ဘက်စ်ကားပေါ်မှာ ထိုနေရာသုံးနေရာမှာ Ideaအသစ်တွေပေါက်ဖွားဖို့အတွက် လွယ်ကူတယ်လို့ပညာရှင်တွေက သတ်မှတ်ထားကြပါတယ်။  အိပ်တော့မယ်ဆိုပြီး အိပ်ရာထဲ ဝင်လိုက်ကာမှ မနက်ဖြန်ဒါလေးတော့လုပ်မယ်၊ ဒီနေ့ဒီလိုလေးလုပ်ခဲ့လိုက်ရင်ကောင်းသား ဆိုတာမျိုးလေးတွေရှိတတ်တယ်မဟုတ်ပါလား။ ခန္ဓာကိုယ်က သက်တောင့်သက်သာဖြစ်သွားတဲ့အခါမှာ ဦးနှောက်ကအလုပ်ပိုလုပ်နိုင်သွားပြီး ideaတွေထွက်လာတယ် လို့ထင်ပါတယ်။ ရေချိုးနေတဲ့အချိန်ဆိုရင်လည်း များသောအားဖြင့် စိတ်က ပုံမှန်အချိန်တွေထက် refreshဖြစ်နေတတ်တဲ့အတွက် ကောင်းမွန်တဲ့အကြံဉာဏ်တွေကို ပုံမှန်ထက်မြန်မြန်ရရှိနိုင်တာဖြစ်ပါတယ်။ ဘက်စ်ကားစီးတဲ့အချိန်မှာကကျတော့ ဘက်စ်ကားပေါ်မှာက ရထားစီးတာထက်စာရင် အခြားသူတွေနဲ့ထိတွေ့ရမှုပိုများပါတယ်။ ဒါ့အပြင်အပြင်ဘက်က ရှုခင်းတွေကိုလည်း မြင်နိုင်တာဖြစ်တဲ့အတွက် ကျွန်တော်တို့ခေါင်းထဲမှာတောက်လျှောက်တွေးနေတဲ့ အကြောင်းအရာအဟောင်းတွေအပြင် အချက်အလက်အသစ်...

စာကျက်နည်း

イメージ
  ① Vocab ဘယ်လိုကျက်ရမလဲ? ② Kanji မှတ်မိအောင် ဘယ်လိုကျက်ရမလဲ? ③ Grammar မှတ်မိအောင်ဘယ်လိုလေ့ကျင့်မလဲ? ④ Listening ဘယ်လိုလေ့ကျင့်ရမလဲ? ⑤ စကားပြောရဲအောင် ဘယ်လိုလေ့ကျင့်ရမလဲ? ① Vocab ဘယ်လိုကျက်ရမလဲ? Vocab ဆိုတာ ဘာသာစကားတစ်ခုရဲ့ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဝေါဟာရကြွယ်ဝမှ တစ်နည်းအားဖြင့် စာလုံးတွေကိုသိထားမှ အခြားအစိတ်အပိုင်းတွေဖြစ်တဲ့ စာဖတ်စွမ်းရည်၊ နားထောင်စွမ်းရည်၊ စကားပြောစွမ်းရည်တွေလည်း တိုးတက်လာမှာဖြစ်တဲ့အတွက်ကြောင့်ပါ။ စာလုံးတွေအများကြီး မှတ်မိနေဖို့က စာကျက်တာအပြင်၊ ဒီဘာသာစကားအပေါ်မှာ စိတ်ပါဝင်စားမှုဆိုတဲ့ စိတ်လေးပါရှိနေဖို့အရေးကြီးပါတယ်။ ကျွန်တော်တို့ စာအုပ်ထဲမှာ လေ့လာထားတဲ့ စာလုံးက ၁၀၀ ရှိတယ်ဆိုရင် Fb ပို့စ်လေးတစ်ခုမှာ တွေ့လို့ မှတ်လိုက်တဲ့စာလုံး၊ shopping လုပ်ရင်း သိလာတဲ့ စာလုံး၊ ရုံးက လူကြီးပြောလို့ မသိပေမယ့် ရှာကြည့်ပြီး မှတ်မိသွားတဲ့ စာလုံး စသဖြင့်ပါ။ ကိုယ်တိုင်ရှာဖွေလေ့လာကြည့်ထားတဲ့ စာလုံးတွေက အခြားသူတွေ ဘာသာပြန်ပေးထားတဲ့ စာလုံးတွေကို မှတ်တာထက်ပိုမှတ်မိတာမလို့ အစပိုင်းမှာ အချိန်ကြာကောင်းကြာနိုင်ပေမယ့် ရေရှည်မှာ ကိုယ့်အတွက် အသုံးအများကြီး ဝင်ပါတယ်။ သိချင်တာတစ်ခုခုရှိရင် အခ...

ဂျပန်နိုင်ငံ၏ထူးဆန်းသောအချက်များ

イメージ
  အမှိုက်ပုံးမရှိခြင်း ဟုတ်ပါတယ်။ ဂျပန်ရဲ့ public area မှာရှာရအခက်ဆုံးက အမှိုက်ပုံးလို့တောင်ပြောလို့ရပါတယ်။ ဂျပန်ကနေရာတိုင်းမှာ သန့်ရှင်းနေပေမယ့် အမှိုက်ပုံးမရှိပါဘူး။ ခဏပဲလာလည်တဲ့ နိုင်ငံခြားသားတော်တော်များများလည်း အပြောများတဲ့အချက်ပြီး ကျွန်တော်တို့အပြင်တစ်ခါထွက်ပြီး ပြန်လာတိုင်း အိတ်ထဲမှာ အမှိုက်တွေ ရေဘူးခွံတွေအများကြီး ပြန်ပါလာတတ်ပါတယ်။ စားသောက်ဆိုင်များတွင်အချိန်ပေးတန်းစီစောင့်ခြင်း ဂျပန်လူမျိုးတွေက အလုပ်မှာအချိန်နဲ့ပတ်သက်ပြီး တိကျတယ်၊ စည်းကမ်းကြီးတယ်ဆိုပေမယ့် စားသောက်ဆိုင်တွေအရှေ့တွေမှာ အချိန်နာရီနဲ့ချီပြီး စောင့်ဆိုင်းရတာကို သဘောကျတဲ့သူတွေပါ။ အချိန်ပေးစောင့်ပြီးမှ စားရတဲ့အခါ ဘာလေးပဲဖြစ်ဖြစ်ပိုပြီးအရသာရှိတယ်လို့ ယူဆကြပါတယ်။ အလှပြင်ဆိုင်/nails salonများတွင် walk-inလက်မခံခြင်းနှင့် စောင့်စရာမလိုခြင်း အလှအပကြိုက်တဲ့ ဂျပန်လူမျိုးတွေဖြစ်တဲ့အတွက် အလှပြင်ဆိုင်/ nails salon/ beauty clinic တွေ အကုန်လုံးက အမြဲလူပြည့်နေတတ်ပါတယ်။ သွားချင်တဲ့အချိန်သွားလို့မရဘဲ အမြဲ ဖုန်းဆက် booking လုပ်ပြီးမှသွားရပါတယ်။ အဲ့ဒါကြောင့် စားသောက်ဆိုင်နဲ့မတူဘဲ စောင့်စရာလည်း မလိုပါဘူး။ အစားအသောက်စားရာတွင် အသံမြည...

日本語って?

イメージ
  ကျွန်တော်တို့လေ့လာနေတဲ့ဂျပန်ဘာသာစကားက ဘယ်လိုဘာသာစကားမျိုးလဲဆိုရင် ■同音異義語が多い(どうおんいぎごがおおい) သံတူကြောင်းကွဲစာလုံးတွေများတယ်။ ■世界言語ランキング10番(せかいげんごランキング10ばん) ကမ္ဘာ့ဘာသာစကားလေ့လာမှုအဆင့် ၁၀ ■日本語はSOV型(がた)と言われる ဂျပန်ဘာသာစကားက SOV အမျိုးအစားဖြစ်တယ်။ (subject + object + verb) ■使われる文字数が多い(つかわれるもじすうがおおい) ထည့်သွင်းအသုံးပြုတဲ့ဝေါဟာရကြွယ်ဝတယ် ■が、使われる母音(ぼいん)はアイウエオの5つだけ ဒါပေမယ့်အ‌ခြေခံသရသံရင်းက aiueo ငါးမျိုးပဲရှိ။ ■文章は横書きも縦書きもできる (ぶんしょうはよこがきもたてがきもできる) စာကြောင်းက အလျားလိုက်ရောဒေါင်လိုက်ရော ရေးလို့ရ။ ■同じものを表す単語がいくつもある。 (おなじものをあらわすたんごがいつくもある) တူညီတဲ့အရာကိုပဲဖော်ပြလို့ရတဲ့ စာလုံးတွေက အများကြီးပဲရှိ။ ■現代の日本語には多くの外来語が含まれている。 (げんだいのにほんごにはおおくのがいらいごがふくまれている) ယနေ့ခေတ်ရဲ့ဂျပန်ဘာသာစကားမှာ နိုင်ငံခြားမွေးစားစာလုံးတွေအများကြီးရှိနေ။ ■日本には文字(もじ)がなく、中国大陸(たいりく)から入った漢字が日本の最初(さいしょ)の文字だった。 ဂျပန်မှာက ကိုယ်ပိုင်စာလုံးတွေမရှိခဲ့ဘဲ တရုတ်ကနေ ဝင်ရောက်လာတဲ့ kanjiစာလုံးတွေက ဂျပန်ရဲ့ ပထမဆုံးစာလုံးတွေဖြစ်။ ■仮名(かな)は漢字の部分を省略したり、一部だけを取り出したり、などにより作り出された。 Kana စာလုံးတွေကို kanjiစာလုံးရဲ့အစိတ်အပိုင်းတွေကိုချုံ့ခြင်း၊ တစ်စိတ်တစ်ပိုင...

日本の空港

イメージ
  ဂျပန်လေဆိပ် ဂျပန်လေဆိပ်လို့ပြောလိုက်ရင် Tokyoရဲ့ Hanedaလေဆိပ် နဲ့ Naritaလေဆိပ် Osakaရဲ့ Kansaiလေဆိပ်သုံးခုကိုပြေးမြင်ကြမယ်ထင်ပါတယ်။ ဒီလေဆိပ်သုံးခုစလုံးမှာ စိတ်ဝင်စားစရာအချက်လေးတွေကိုယ်စီရှိနေကြပါတယ်။ 1.Haneda Airport ဂျပန်နိုင်ငံရဲ့ Hanedaလေဆိပ်က ကမ္ဘာပေါ်မှာ အသန့်ရှင်းဆုံး လေဆိပ်အဖြစ် ဆက်တိုက်သက်မှတ်ထားခံရတဲ့ လေဆိပ်ဖြစ်ပါတယ်။ လေဆိပ်ထဲမှာတင် လည်ပတ်စရာနေရာအများအပြားရှိနေခြင်းကြောင့်လည်း နိုင်ငံခြားခရီးသွားများက နှစ်ခြိုက်ကြတဲ့ လေဆိပ်တစ်ခုဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ အဓိကအရေးအပါဆုံး လေဆိပ်တစ်ခုလည်းဖြစ်ပါတယ်။ 2.Narita Airport ဂျပန်နိုင်ငံစီးပွားရေးတိုးတက်လာပြီး Tokyoမြို့ထဲမှာ ရှိနေတဲ့ Hanedaလေဆိပ်ကို ထပ်တိုးချဲ့ဖို့မြေနေရာအနေအထားအရ မဖြစ်နိုင်တော့တဲ့အတွက် Naritaလေဆိပ်ကို ထပ်မံတည်ဆောက်ခဲ့တာဖြစ်ပါတယ်။Tokyo ကနေ ပြည်တွင်းကိုသွားမယ်ဆိုရင် Haneda, ပြည်ပထွက်မယ်ဆို Naritaကိုအသုံးများကြပြီး၊ LCC (Low cost carrier)စတဲ့ အချက်တွေနဲ့ Naritaမှာလည်း စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေအများကြီးရှိပေမယ့် Naritaလေဆိပ်ရဲ့ ပြေးလမ်းအလယ်မှာ လူနေအိမ်တစ်လုံးရှိနေတဲ့ အချက်က အင်တာနက်ပေါ်မှာ လူပြောအများဆုံးအချက်ဖြစ်ပါ...

机上の空論

イメージ
「机上の空論(きじょうのくうろん)」 လက်တွေ့မဖြစ်နိုင်တဲ့ အကြံဉာဏ်၊ အစီအစဉ်လို့ အဓိပ္ပါယ်ရတဲ့စာစုလေးဖြစ်ပြီး လုပ်ငန်းခွင်မှာ အမြဲကြားနေရတဲ့ စာစုလေးတစ်ခုလည်းဖြစ်ပါတယ်။ 机上(きじょう)စားပွဲခုံပေါ်။ 空論(くうろん)လေထဲကသီအိုရီ၊ လက်တွေ့မဖြစ်နိုင်တဲ့အကြံဉာဏ်။ • 彼の提案は「机上の空論」ばかりで、実行性に欠けている。 かれのていあんは「きじょうのくうろん」ばかりで、じっこうせいにかけている。 သူ့အကြံဉာဏ်တွေက အမြဲလေထဲတိုက်အိမ်ဆောက်နေသလိုပဲ၊ လက်တွေ့ဖြစ်နိုင်ချေမရှိဘူးဆိုပြီး အသုံးပြုလို့ရမှာဖြစ်ပါတယ်။ ဆင်တူတဲ့အသုံးလေးအနေနဲ့ 砂上の楼閣(さじょうのろうかく)ဆိုတဲ့စာလုံးလေးလည်းရှိပါတယ်။ 砂上(さじょう)သဲပေါ် 楼閣(ろうかく)ထည်ဝါသောအဆောက်အဦး သဲပေါ်မှာဆောက်ထားတဲ့အဆောင်အဦး၊ သဲအိမ်က ဘယ်လောက်ပဲခမ်းနားနေပါစေ သဲဖြင့်တည်ဆောက်ထားတာဖြစ်တဲ့အတွက် ချက်ချင်းပြိုကျသွားမှာဖြစ်တဲ့အတွက်ကြောင့် အသုံးမဝင်ကြောင်းကို ဖော်ပြတဲ့စာစုလေးဖြစ်ပါတယ်။

お裾分け

イメージ
お裾分け(おすそわけ)ဆိုတာက ကိုယ့်ကိုတစ်စုံတစ်ယောက်က ပေးထားတဲ့အရာ(သို့) အကျိုးအမြတ်(သို့) စားစရာ တစ်ခုခု၊ ကိုယ်တိုင်ခူးထားပြုလုပ်ထားတဲ့အရာတစ်ခုခုကို အခြားသူကိုပြန်မျှပေးတာကိုဖော်ပြတဲ့စာလုံးလေးဖြစ်ပါတယ်။ ဒါပေမယ့် 裾(すそ)ဆိုတာ အောက်ခြေလို့ အဓိပ္ပါယ်ရတဲ့စာလုံးလေးဖြစ်တဲ့အတွက် お裾分け(おすそわけ)ကို ကိုယ့်ထက်ကြီးတဲ့သူတွေအတွက်သုံးဖို့က မသင့်တော်ပါဘူး။ 畑で採れた野菜を少し お裾分け します。 (はたけでとれたやさいをすこしおすそわけします) ယာခင်းထဲကခူးထားတဲ့ ဟင်းသီးဟင်းရွက်တွေကို ခွဲပေးပါမယ်။

とにかく

イメージ
とにかく = Anyhow, Anyway မြန်မာလိုဆိုရင်တော့ “ဘယ်လိုပဲဖြစ်ဖြစ်” လို့ ပြောရင်နားလည်လွယ်မယ်ထင်ပါတယ်။ သူ့ကို Adverbs (副詞)အနေနဲ့ အသုံးပြုပြီး 「いろいろな事情はさておいて。」  “အမျိုးမျိုးသော အခြေအနေတွေကို ခဏမေ့ထား ခဏဖယ်ထားပြီး “ လို့ အဓိပ္ပါယ်ဖွင့်ပါမယ် とにかく ရဲ့ ခန်းဂျီးက 兎に角  兎  → ウサギ (ယုန်)  角 → つの (ဦးချို)  「ウサギのツノ(角)」  ယုန်ရဲ့ဦးချို တစ်မျိုးကြီးပဲနော် TT  ယုန်ရဲ့ဦးချိုကတကယ်မရှိတဲ့အရာပါ။ အဲ့ဒါကြောင့်兎に角တကယ်မရှိတဲ့အရာ တကယ်မဟုတ်တဲ့အရာတစ်ခုလို့ စဉ်းစားပြီး  とにかく話すだけ話してみよう  ဘယ်လိုပဲဖြစ်ဖြစ်ပြောတော့ပြောကြည့်ကြရအောင်  とにかくがんばること  ဘာပဲဖြစ်ဖြစ် ကြိုးစားကြည့်ရမှာပဲ ဆိုပြီး  とにかく = Anyhow, Anyway အနေနဲ့ အသုံးပြုတာဖြစ်ပါတယ်။ သူနဲ့ခပ်ဆင်ဆင် စကားလုံးတွေဖြစ်တဲ့ 「とかく 」「ともかく」 ဆိုတဲ့နှစ်ခုလည်းရှိပါသေးတယ်။ သူတို့က 「兎角」「兎も角」「兎に角」 ခန်းဂျီးလည်းတူသလို အဓိပ္ပါယ်လည်းအလွန်နီးစပ်ပါတယ်။ ကျွန်တော်မှတ်ထားတာကတော့  前に文章がなくても使えるのが「とにかく」  ရှေ့မှာစာကြောင်းမပါဘဲလည်း သုံးရင် 「とにかく」  前に文章がないと使えないのが「ともかく」  ရှေ့မှာစာကြောင်းတစ်ခုခုနဲ့ဆို 「ともかく」  ဉပမာ  とにかく始めよう。...

ダラリ

イメージ
「ダラリ」ဆိုတာ 無駄 むだ 斑 むら 無理 むり ဆိုတဲ့စာလုံးသုံးလုံးရဲ့ နောက်ဆုံးစာလုံးလေးတွေကို စုပြီး 「ダラリ」လို့ခေါ်တာဖြစ်ပါတယ်။ 「ダラリ」အစားအရှေ့က 「む」သုံးခုကို အစွဲပြုပြီး 「3M」လို့ခေါ်တာတွေလည်းရှိပါတယ်။ စကားလုံးလေးတွေရဲ့အကြောင်း အရင်ပြောပါမယ်။ ① 無駄 (むだ)ဆိုတဲ့စကားလုံးက ကျွန်တော်တို့သိထားပြီးဖြစ်တဲ့အတိုင်း အလဟသတ်ဖြစ်သည်၊ အပိုဖြစ်သည်ဆိုတဲ့ အဓိပ္ပါယ်ပါ။ 無駄を省く(はぶく) မလိုတာတေွမလုပ်ဘူး။ လျော့ချတယ်။ 無駄遣いをする。 ငွေဖြုန်းတယ်။ (မလိုဘဲသုံးတယ်) ။ ② 無理(むり)ဆိုတဲ့စာလုံးကလည်းသိပြီးသားဖြစ်တဲ့ မဖြစ်နိုင်ဘူး၊ မလုပ်နိုင်ဘူး၊ အဆင်မပြေနိုင်ဘူးဆိုတဲ့စာလုံးပါ။ 無理をしないでください。 မဖြစ်နိုင်တာကို အတင်းမလုပ်ပါနဲ့။ ③ 斑(むら)ဆိုတဲ့စာလုံးကတော့ “မညီမျှခြင်း”လို့ အဓိပ္ပါယ်ဖွင့်ပါမယ်။ ကျွန်တော်တို့တွေ နေ့စဉ်ဘ၀မှာ ダラリ」တွေအမြဲဖြစ်နေတတ်ပါတယ်။ တစ်နေ့တည်းမှာကိုပဲ မနက်ပိုင်းမှာ အလုပ်တွေအရမ်းများပြီး မနိုင်မနင်း むり တွေဖြစ် ညနေပိုင်းကျတော့ အားသွားပြီး ဘာမှမလုပ်ဖြစ်လိုက်အချိန် むだ တွေဖြစ်။ အဲ့လိုမျိုးကိုယ့်ရဲ့တစ်နေ့တာက むだ ဖြစ်လိုက် むりဖြစ်လိုက်နဲ့ မညီမျှခြင်းဆိုတဲ့ むら တွေဖြစ်နေပြီဆိုရင် 今日はダラリの一日でした。 ဒီနေ့ကတော့ ダラリနေ့ပဲ ဆိုပြီး ပြောတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့...

お手すき

イメージ
အလျင်မလိုတဲ့ကိစ္စတွေကို အကူအညီတောင်းတဲ့အခါ အခြားသူကို တစ်ခုခုလုပ်ပေးဖို့ပြောတဲ့အခါ အထူးသဖြင့် အထက်လူကြီးကို ပြောတဲ့အခါမျိုးမှာ ■お暇な時、よろしくお願いします。 (おひまなとき) အားတဲ့အချိန်လုပ်ပေးပါနော်ဆိုတာထက် ■お手すきの際に、よろしくお願いいたします。 (おてすきのさいに) အရမ်းအလုပ်မရှုပ်တဲ့အချိန်လုပ်ပေးပါဦးနော်ဆိုပြီး ယဉ်ကျေးစွာအသုံးပြုလို့ရပါတယ်။ နောက်ပြီး 暇(ひま)အားလပ်ခြင်း ဆိုတဲ့စာလုံးက အထက်လူကြီးအတွက် သုံးတဲ့အခါမှာ しつれいဖြစ်မှန်းမသိ ဖြစ်နေတဲ့အချက်လေးလည်းရှိနေတဲ့အတွက်ကြောင့်ပါ။ ယဉ်ကျေးတဲ့အသုံးဖြစ်တဲ့အတွက် ကိုယ့်ထက်ငယ်တဲ့သူတွေအတွက်ဆိုရင်မသုံးပါဘူး။ ကိုယ့်အထက်လူကြီးကို ■ お手すきの際にご一読ください。 (おてすきのさいにごいちどくください) အားလပ်တဲ့အချိန်မှာတစ်ချက်လောက်ကြည့်ပေးပါနော်ဆိုပြီး ယဉ်ကျေးစွာပြောလို့ရမှာဖြစ်ပါတယ်။

五月雨

イメージ
五月雨 ဒီစာလုံးလေးရဲ့ထူးခြားတာတစ်ခုက သူ့ရဲ့အသံထွက်/သူ့ကို Hiragana နဲ့ရေးရင် ×ごがつあめ လုံး၀မဟုတ်ဘဲ 五月雨 → さみだれ လို့ဖတ်ရမှာဖြစ်ပြီးယေဘုယျအားဖြင့် သူ့မှာ အဓိပ္ပါယ်နှစ်မျိုးရှိပါတယ်။ ပထမတစ်ခုကတော့ ခန်းဂျီးစာလုံးလေးအတိုင်း ❶Early-summer Rain 梅雨(つゆ)လို့လည်းခေါ်တဲ့ နွေဉီးမှာရွာတဲ့မိုးလို့အဓိပ္ပါယ်ရပါတယ်။ ကျွန်တော် ဒီနေ့အဓိကဘိုတောက်ချင်တာကတော့ သူ့ရဲ့နောက်ထပ်အဓိပ္ပါယ်တစ်ခုဖြစ်တဲ့ ❷ ပြတ်တောင်းပြတ်တောင်းနှင့်ဆက်တိုက်ဖြစ်သည် ဆိုတဲ့အကြောင်းလေးဖြစ်ပါတယ်။ 五月雨(さみだれ) 五月雨式 (さみだれしき) ပြတ်တောင်းပြတ်တောင်းနှင့်ဆက်တိုက်ဖြစ်သည်။ ဒီစာလုံးလေးက လုပ်ငန်းခွင်မှာလည်း တကယ့်ကိုအသုံး၀င်ပြီး အသုံးများတဲ့စာလုံးလေးဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့တွေက ဒါလေးလုပ်ပေးပါဆိုပြီး ပြောလိုက်တယ်။ ပြီးတော့ ထပ်ပြီးအကူအညီတောင်းစရာလေးကထပ်ပေါ်လာတယ်။ အဲ့လိုအခြေအနေမှာ ပြီးတော့ ဖိုင်တွေ စာရွက်စာတမ်းတွေပို့လိုက်တယ်။ ကျန်ခဲ့တာ‌လေးတွေ လိုနေတာလေးတွေရှိလို့ ထပ်ခါထပ်ခါပို့နေရတယ်။ အဲ့လိုအခြေအနေတွေမှာဆိုရင် ■五月雨式に資料を送付する。 さみだれしきにしりょうをそうふする。 စာရွက်စာတမ်းတွေကို (တစ်ခါတည်းနဲ့အကုန်မဟုတ်ဘဲ) တစ်ခုပြီးတစ်ခု ဆက်တိုက်ဆက်တိုက် ပို့သည်။ ■五月雨式で申し訳ありません。 宜しくお...

お涙頂戴

イメージ
御涙頂戴(おなみだちょうだい) ပြဇာတ်တွေရုပ်ရှင်တွေမှာ ပရိတ်သတ်တွေငိုရတဲ့ဇာတ်လမ်းမျိုးကို ဖော်ညွှန်းတဲ့အခါမှာအသုံးပြုတဲ့စာလုံးလေးဖြစ်ပါတယ်။ 芝居(しばい)や映画などで、観客(かんきゃく)の涙(なみだ)をそそることを目的とすること 。 また、そのような作品。 ဥပမာစာကြောင်းလေးတွေအနေနဲ့ဆိုရင်တော့ • その映画はお 涙頂戴の ものだ。 (そのえいがはおなみだちょうだいのものだ) အဲ့ရုပ်ရှင်က အရမ်းငိုရတယ်။ お涙頂戴の身の上話(おなみだちょうだいのみのうえばなし) မျက်ရည်မိုးတွေဖြိုင်ဖြိုင်းသွန်းခဲ့ရတဲ့ဘဝဇာတ်လမ်း။

身の上

イメージ
တစ်စုံတစ်ယောက်ရဲ့ဘဝအခြေအနေဟု အဓိပ္ပါယ်ရတဲ့ စာစုလေးဖြစ်ပါတယ်။ လွယ်တဲ့စာလုံးလေးဆိုပေမယ့် ဘာသာပြန်ရင်လွဲတတ်လို့ဂရုပြုရမယ့်စာလုံးလေးတစ်ခုပါ။ ဥပမာစာကြောင်းလေးတွေအနေနဲ့ဆိုရင်တော့ お酒を飲みながらお互いの身の上を話した。 အရက်သောက်ရင်း တစ်ယောက်ဘဝအကြောင်းတစ်ယောက် ပြောခဲ့ကြတယ်။ お涙頂戴の身の上話(おなみだちょうだいのみのうえばなし) မျက်ရည်မိုးတွေဖြိုင်ဖြိုင်းသွန်းခဲ့ရတဲ့ဘဝဇာတ်လမ်း။

気心の知れた

イメージ
気心の知れた(きごころのしれた) ရင်းနှီးသော၊ ပြောမနာဆိုမနာဖြစ်သောဟု အဓိပ္ပါယ်ရတဲ့စာစုလေးဖြစ်ပါတယ်။ အနောက်ကနေ 仲間、友達စတဲ့စာလုံးလေးတွေနဲ့အတူတွေ့ရလေ့ရှိပါတယ်။ 【ဆင်တူသောအသုံးများ】 親しい、仲の良い、気の置けない、気安い ဥပမာစာကြောင်းလေးတွေအနေနဲ့ဆိုရင်တော့ 気心の知れた 仲間だけで行くなら仕事の旅でも楽しい。 ရင်းနှီးတဲ့သူငယ်ချင်းတွေနဲ့သာအတူဆိုရင် အလုပ်ခရီးလည်းပဲပျော်စရာကောင်းတယ်။ 彼女とは気心が知れた仲だ。 သူမနဲ့ကပြောမနာဆိုမနာသူငယ်ချင်းတွေပါ။

気が置けない

イメージ
  気が置けない きがおけない(ပြောမနာဆိုမနာ) ပြောမနာဆိုမနာဖြစ်သော၊ အလွန်ရင်းနှီးသော လို့ အဓိပ္ပါယ်ရတဲ့ စာစုလေးဖြစ်ပါတယ်။ 相手に気配りや 遠慮をしなくてよいこと ဥပမာစာကြောင်းလေးတွေအနေနဲ့ဆိုရင်တော့ 彼女とは中学時代からずっと一緒で、 気が置けない 仲である。 သူမနဲ့က အလယ်တန်းကျောင်းကတည်းက တောက်လျှောက်အတူတူဆိုတော့ ပြောမနာဆိုမနာသူငယ်ချင်းတွေပါ။ 今回は 気が置けない ミーティングだから、そんなに緊張(きんちょう)しなくても大丈夫だよ。 အခုတစ်ခေါက်က လူရင်းတွေကြီးလုပ်တဲ့အစည်းအဝေးဆိုတော့ အဲ့လောက်စိတ်မလှုပ်ရှားပါနဲ့။ 気が置けない 仲間たちと行くキャンプは最高だ。 ပြောမနာဆိုမနာသူငယ်ချင်းတွေနဲ့ သွားရတဲ့ campက အကောင်းဆုံးပဲ။

かけがえのない

イメージ
掛け替えのない 【かけがえのない】 အစာထိုး၍မရသောလို့ အဓိပ္ပါယ်ရတဲ့စာစုလေးဖြစ်ပါတယ်။  တူညီတဲ့စာကြောင်းလေးတွေအနေနဲ့ 唯一無二である(ゆいいつむにである) တစ်ခုတည်းသောအရာဖြစ်တယ်။ 何よりも大切である(なによりもたいせつである) အရာအားလုံးထက်ပိုအရေးကြီးတယ်။ 絶対に失いたくない(ぜったいにうしないたくない) လုံးဝကိုပျောက်ဆုံး/ဆုံးရှုံးသွားလို့မဖြစ်ဘူး။ ဥပမာစာကြောင်းလေးအနေနဲ့ဆိုရင်တော့ • 彼女は、僕にとって 掛け替えのない 人だ。 သူမက ကျွန်တော့်အတွက် အစားထိုးလို့မရတဲ့သူဖြစ်ပါတယ်။ • 彼はうちの会社にとって 掛け替えのない 人だ. သူက ကျွန်တော်တို့ကုမ္ပဏီအတွက် မရှိမဖြစ်အရေးပါတဲ့သူဖြစ်ပါတယ်။

粗探し

イメージ
  ■ 粗探し(あらさがし)အပြစ်ရှာခြင်း။ 他人の欠点をさがし出すこと、また、さがし出して悪口を言うこと。 အခြားသူရဲ့အမှား၊ အပြစ်ကိုလိုက်ရှာပြီး မကောင်းပြောတတ်တဲ့အကြောင်းကို ဖော်ပြတဲ့စာလုံးလေးဖြစ်ပါတယ်။ ဥပမာစာကြောင်းလေးတွေအနေနဲ့ 彼女はいつも僕の あらさがし ばかりしていたよ。 သူမကအမြဲတမ်းကျွန်တော်တို့အပြစ်ကိုပဲလိုက်ရှာနေခဲ့တာ။ 彼はたえず他人の あらさがし ばかりしている。 သူကအမြဲသူများအပြစ်ကိုပဲလိုက်ရှာနေတတ်တယ်။ ဆိုပြီး အသုံးပြုလို့ရမှာဖြစ်ပါတယ်။

役不足

イメージ
 役不足(やくぶそく) ဒီစာလုံးလေးကလည်း BJTစာမေးပွဲမှာ အမြဲပါလာတတ်တဲ့စာလုံးလေးဖြစ်ပါတယ်။ ပေးအပ်ထားတဲ့အလုပ်တာဝန်က အရည်အချင်းထက်/လုပ်နိုင်စွမ်းထက်ပို၍နည်းနေတဲ့အချိန်မှာ အသုံးပြုတဲ့ စာစုလေးဖြစ်ပါတယ်။ ဒီမေးခွန်းလေးကိုဖြေကြည့်ပါနော်။ 「役不足」という言葉を正しく使用している文は、①、②のうちどちらでしょう? ①有能な彼女がいまだに課長職にとどまっているなんて、役不足だ。  ②この重要な仕事の担当者は、新入社員の彼では役不足だ。 အဖြေမှန်က နံပါတ် (၁) ဖြစ်ပါတယ်။ အရည်အချင်းက မလုံလောက်တဲ့အခါမှာ 力不足(ちからぶそく) အရည်အချင်းတွေက ပိုတော်နေတဲ့အခါ အလုပ်က သူ့အတွကလွယ်ကူလွန်းနေတဲ့အခါမှာ 役不足(やくぶそく)ဆိုပြီး အသုံးပြုပေးရမှာဖြစ်ပါတယ်။

合いの手を入れる

イメージ
合いの手を入れる(あいのてをいれる) ဒါလေးကလည်း BJT မေးခွန်းတွေမှာ ပါလာတတ်တဲ့စကားစုလေးပါ။ 他人の発言や行動に対して、励ましや賛成の意味を込めて追加のコメントや反応をすること တစ်ဖက်လူက စကားပြောနေစဉ်အတွင်း ကိုယ့်ဘက်မှ အပြုအမူ သို့မဟုတ် စကားထောက်များဖြင့် ကြားဝင်ဖြည့်စွက်ပြောဆိုခြင်းဟုအဓိပ္ပါယ်ရသော စာစုလေးဖြစ်ပါတယ်။ チームメンバーがアイデアを提案(ていあん)すると、他のメンバーが「素晴らしい(すばらしい)考えですね!」と合いの手を入れました。 Team Member က အကြံဉာဏ်တွေကို တင်ပြနေတဲ့အချိန် အခြားအဖွဲ့ဝင်တွေက ကောင်းတဲ့အကြံဉာဏ်ပဲနော် ဆိုပြီး ကြားဝင်ဖြည့်စွက်ပေးခဲ့ကြတယ်။

是非

イメージ
是非(ぜひ) ဆိုတာလေးကိုမြင်ရင် “သေချာပေါက်၊ ကျိိန်းသေပေါက်၊ ဆက်ဆက်” စသဖြင့် ဘာသာပြန်မိကြမှာပါ။ 是非来てください(ぜひ きてください) ဆက်ဆက်လာခဲ့နော် ဒီစာကြောင်းလေးကိုမြင်ရင်ရော?? 是非を問う (ぜひ を とう) သေချာပေါက် မေးမြန်းသည်လို့ ဘာသာပြန်ရင် အကြီးကြီးလွဲသွားမှာပါ။ 是非(ぜひ) ဆိုတဲ့စာလုံးလေးမှာက “သေချာပေါက်၊ ကျိိန်းသေပေါက်၊ ဆက်ဆက်” ဆိုတဲ့အဓိပ္ပါယ်အပြင် 是(ぜ) ကောင်းကျိုး 非(ひ) ဆိုးကျိုး ဆိုတဲ့အဓိပ္ပါယ်လည်းရှိသေးတာဖြစ်တဲ့အတွက် 是非を問う ကောင်းကျိုးဆိုးကျိုးတွေကိုမေးတယ် ဆိုပြီး အဓိပ္ပါယ်ဖွင့်ဆိုပေးရမှာဖြစ်ပါတယ်။ N5 တုန်းကသိထားတဲ့ ぜひ နဲ့ N1 မှာသိရတဲ့ ぜひ နဲ့ အသံထွက်ရော ခန်းဂျီးရော စာလုံးရော အကုန်တူပေမယ့် အဓိပ္ပါယ်မတူပါဘူး။

教示

イメージ
ကျွန်တော်တို့ အလုပ်လုပ်တဲ့အခါမှာ မလုပ်မဖြစ်လုပ်နေကြရတာက  知識共有(ちしききょうゆう) 情報共有(じょうほうきょうゆう)လို့ခေါ်တဲ့ Knowledge Sharing & Information Pass လုပ်ရတာဖြစ်ပါတယ်။ အလုပ်ဆိုတာ တစ်ယောက်တည်း လုပ်ရတာမဟုတ်တဲ့အတွက် ကိုယ်မသိတာကိုမေးရတယ် ကိုယ်သိထားတာက မှန်မမှန် confirm လုပ်ရတာဖြစ်ပါတယ်။ အဲ့လို တစ်ခုခုမေးမြန်းတော့မယ် confirm လုပ်တော့မယ်ဆိုရင် အသုံးများတဲ့စာကြောင်းလေးက မိနစံသိပြီးဖြစ်တဲ့  教えてください(おしえてください)  “ပြောပြပေးပါ”ဆိုတဲ့ စာကြောင်းလေးပါ။ ကျွန်တော်အခုတလော  教えてください အစား ご教示ください。(ごきょうじ ください)ဆိုတဲ့ စာကြောင်းလေးကို ရေးဖြစ်‌နေပါတယ်။ အရင်教示(きょうじ)ဆိုတဲ့စာလုံးလေးကို သိပ်မကျွမ်း၀င်ခင်တုန်းက ကိုယ်မသိတာတစ်ခုခုမေးတော့မယ်ဆိုရင် ဘာလို့ရယ်တော့မသိ   教えてください。 教えていただければと思います。 “ပြောပြပေးပါ” ဆိုတဲ့စာကြောင်းအစား  ご指導(しどう)のほどよろしくお願いします。 “လမ်းညွှန်ပြသပေးပါ”လို့ ပိုပြောဖြစ်ခဲ့တယ်။ အဲ့ဒါက ပိုပြီးပြောပြပေးချင်စိတ်ဖြစ်မယ်လို့ခံစားရလို့ပါ။ ဒါပေမယ့် အခုတော့ 教えてください。 လို့ အလွယ်လည်းမပြောချင်ဘူး ご指導(しどう)နဲ့ပြောရအောင်လည်း မလိုလောက်တဲ့မေးမြန်းခြင်း၊ confirmလုပ်ခြင်းတွေအတွက်ဆိုရင် ご教示くださいနဲ့က တော်တော်လ...

棚にあげる

イメージ
ကျွန်တော်ဒီတစ်ခေါက် ဘိုတောက်မှာကတော့ 棚に上げる(たなにあげる)ဆိုတဲ့စာလုံးလေးပါ။ 棚(たな)ဆိုတာ ကျွန်တော်တို့သိထားပြီးဖြစ်တဲ့ ပစ္စည်းတွေ တင်တဲ့ “စင်” ပါ။ 本棚(ほんだな)→စာအုပ်စင် 上げる(あげる)→မသည်၊ မြှောက်သည်၊ အမြင့်သို့ရောက်စေသည်။ #棚に上げる(たなにあげる) တိုက်ရိုက်ဆိုရင်တော့ စင်ပေါ်တင်ထားသည်ဆိုတဲ့အဓိပ္ပါယ်ဖြစ်မှာပါ။ ဒါပေမယ့် #棚に上げる ကို အသုံးပြုတဲ့အဓိပ္ပါယ်ကတော့ ~を棚に上げる 都合の悪いことには触れないようにすること。 知らん顔をして問題にしない。 အဆင်မပြေတဲ့အရာတွေကို မကောင်းတဲ့အရာတွေကို ~မသိချင်ယောင်ဆောင်ထားသည်၊ ~မေ့ထားသည် ဆိုတဲ့စာလုံးလေးဖြစ်ပါတယ်။ (Minus အဓိပ္ပါယ်ဆောင်တဲ့စာလုံးလေးဖြစ်ပါတယ်။) များသောအားဖြင့် ရှေ့မှာ 自分のこと、自分のミス (ကိုယ့်ရဲ့အကြောင်းကိစ္စ၊ ကိုယ်ရဲ့အမှား) ဆိုတာလေးတွေနဲ့တွဲအသုံးပြုတာများပြီး 自分のことを棚に上げる 自分のミスを棚に上げる ကိုယ့်အမှားကိုမမြင်ဘူး၊ မသိချင်ယောင်ဆောင်ထားတယ်ဆို ပြီး ပြောတဲ့နေရာမှာ အသုံးပြုလို့ရတာဖြစ်ပါတယ်။ ဉပမာစာကြောင်းအနေနဲ့ Aさんは自分のミスは棚に上げて、 人のミスは絶対に許さない。 Aက ကိုယ့်ရဲ့အမှားကိုဆို မြင်လေ့မရှိဘဲ အခြားသူရဲ့အမှားဆိုရင်တော့ ခွင့်လွှတ်ပေးလေ့မရှိဘူး။ 難しい仕事を棚に上げて、 簡単な作業ばかりをしている。 ခက်တဲ့အလုပ်တွေကိုဆို မသိချင်ယောင်ဆောင်ထားပြီး လွယ်တ...

自〜至

イメージ
(自)ဒီခန်းဂျီးလေးကို မိနစံသိမယ်ထင်ပါတယ်။ ကျွန်တော်လည်းသိပါတယ်။ 自分(じぶん)  ကိုယ်ကိုယ်တိုင်  自動(じどう) အလိုအလျောက်  自動車(じどうしゃ)မော်တော်ကားတို့  自動販売機(じどうはんばいき) အလိုအလျောက်စျေးရောင်းစက်တို့မှာ ပါတဲ့ခန်းဂျီးလေးပါ။  至る(いたる)ဒီခန်းဂျီးလေးကိုလည်း မိနစံသိပြီးဖြစ်ပါတယ်။ ဆိုက်ရောက်သည်ဆိုတဲ့ စာလုံးလေးပါ။ အခြားစာလုံးနဲ့ပေါင်းရင်တော့ 「し」လို့အသံထွက်ပြီး 至急(しきゅう) urgent ဆိုတာမျိုးမှာ တွေ့ရတဲ့စာလုံးလေးပါ။ ဟုတ် ကျွန်တော်သိပြီးသားစာလုံးနှစ်ခုကို 自~至 ဆိုပြီး တွေ့လိုက်ရတဲ့အခါမှာ အင်မတန်စိတ်၀င်စားဖို့ကောင်းသွားပါတယ်။ 自~至ဆိုတဲ့ အတွဲလေးက အချိန်နဲ့နေရာတွေကို ဖော်ပြတဲ့နေရာမှာ 「から~まで」လိုမျိုးပဲ အစမှတ်နဲ့ အဆုံးမှတ်ကို ဖော်ပြတဲ့ခြင်းအတွက် သုံးတာဖြစ်ပါတယ်။ အသံထွက်အနေနဲ့ဆိုရင်တော့ 自~至  じ~し ဆိုပြီးထွက်ရမှာဖြစ်ပြီး  自9時至6時 (9時から6時まで) ၉နာရီကနေ၆နာရီအထိ  自ヤンゴン至マンダレー (ヤンゴンからマンダレーまで)  ရန်ကုန်ကနေမန်းလေးအထိ ဆိုရင်自~至 ရဲ့အသုံးလေးကို နားလည်မယ်ထင်ပါတယ်။  CV Form တွေဘာတွေရေးတဲ့အခါ ကိုယ်ကျောင်းတက်ခဲ့တဲ့ ကာလကို 自2013年12月 至2018年9月 ဆိုပြီးရေးတာမျိုးဖြစ်ပါတယ်။ အလုပ်အတွေ့အကြုံတွေရေးတဲ့နေရာမှာလည်း 自2018...

スール

イメージ
ကျွန်တော် ဒီတစ်ခေါက်ကတော့ 「スルーしてください。」 ဆိုတဲ့စကားလေးအကြောင်း ဘိုတောက်ပါမယ်။ ကျွန်တော်ဆောင်းပါးလေးတစ်ခုဖတ်ရင်းနဲ့ 「スルー」ဆိုတဲ့စကားလုံးလေးကို စသိခဲ့ပါတယ်။ ပုံမှန်ကြားနေ မြင်နေကျစကားလုံးလေးမဟုတ်တော့ စစတွေ့ချင်းတုန်းကတော့ တကယ်ကိုမသိခဲ့တာပါ။ အဲ့တုန်းက အရှေ့အနောက်စာကြောင်းတွေဖတ်ပြီးတော့ပဲ 「スルー」ရဲ့အဓိပ္ပါယ်ကို မှန်းပြီးဖတ်ခဲ့ရပါတယ်။  スルー ဆိုတာ အင်္ဂလိပ်စာလုံးဖြစ်တဲ့ “Through” ကိုပြောတာဖြစ်ပါတယ်။ ဒါပေမယ့် スルーက ဂျပန်ဘာသာစကားမှာဆိုရင် 俗語(ぞくご) ဗန်းစကားတစ်ခုအနေနဲ့ “Through”ဆိုတဲ့အဓိပ္ပါယ်အပြင် အခြားတိုက်ရိုက်အဓိပ္ပါယ်လည်းရှိပါတယ်။  အဲ့ဒါကတော့  スルー   無視(むし) လျစ်လျူရှုသည်။  スルーする   なかったことにする မရှိခဲ့သလိုသဘောထားသည်။  スルーする   聞き流す နားထောင်ပြီးမေ့ပစ်လိုက်သည်။  スルー Ignore ဆိုပြီးသုံးတာဖြစ်ပါတယ်။  အဲ့ဒါကြောင့် 「スルーしてください。」 ဆိုပြီးသုံးတာလေးကိုတွေ့ရင်  「無視(むし)してください」 「気にしないでください」နဲ့အတူတူပဲ ထားလိုက် စိတ်ထဲမထားနဲ့ လျစ်လျူရှုလိုက်ဆိုပြီး နားလည်ရမှာဖြစ်ပါတယ်။  ビジネス日本語 (Business Japanese) မှာဆိုရင်  スルーしてください。 無視(むし)してください。အပြင်  ご放念(ほうねん)ください。 ဆိုတဲ့စကားလေးသု...

朝一午後一

イメージ
ကျွန်တော် အခုတစ်ခေါက်မှာတော့ 朝一(あさいち)နဲ့午後一(ごごいち)ဆိုတဲ့ မိနစံသိပြီးသားဖြစ်တဲ့စာလုံးလေးနှစ်လုံးအကြောင်းကို ဘိုတောက်ပါမယ်။ ကျွန်တော်တို့တွေ အမြဲလိုလိုပေါ့နော် ကိုယ်သိပြီးသားစာလုံးတွေဖြစ်ပေမယ့် တကယ့်လက်တွေ့မှာ ရေးတော့မယ်ပြောတော့မယ်ဆိုရင် မပြောဖြစ်မရေးဖြစ်တဲ့စာလုံးလေးတွေ အများကြီးရှိနေပါတယ်။ အလုပ်ကအလျင်လိုတဲ့အချိန်မျိုးမှာ လွယ်လွယ်ကူကူသိပြီးသား စာလုံးလေးတွေ စာကြောင်းလေးတွေကိုပဲ ပြောဖြစ်ရေးဖြစ်နေပါတယ်။  朝一(あさいち)နဲ့ 午後一(ごごいち)က Business Terms အနေနဲ့ အလုပ်လုပ်တဲ့အခါမှာ ရေးကြပြောကြတဲ့စာလုံးလေးတွေဖြစ်ပြီး  朝一(あさいち) 朝一番に行う。  မနက်ခင်းမှာ ပထမဆုံး လုပ်ဆောင်မယ့်အရာ။  ရုံးလုပ်ငန်းတွေဆိုရင်တော့ နံနက်ခင်း ၈နာရီခွဲ ၉နာရီလောက် အချိန်ကိုဆိုလိုတာဖြစ်ပါတယ်။  午後一(ごごいち) 昼食後一番に行う。  နေ့လည် ထမင်းစားနားပြီးချိန် ပထမဆုံးလုပ်ဆောင်မယ့်ကိစ္စကို ဆိုလိုခြင်းဖြစ်ပါတယ်။ နေ့လည် ၁၂ခွဲ ၁နာရီ၀န်းကျင်လောက်ပါ။  昼一(ひるいち)ကိုလည်း 午後(ごごいち)နဲ့ အဓိပ္ပါယ်အတူတူပဲသုံးတာမျိုးကို မြင်ဖူးပေမယ့်  午前一(ごぜんいち)ဆိုပြီးသုံးတာမျိုးတော့ မမြင်ဖူးပါဘူး။  ※午前一(ごぜんいち)ဆိုရင် ညသန်းခေါင်အချိန်ဆိုတဲ့ အဓိပ္ပါယ်သက်...

イマイチ

イメージ
イマイチ စားချင်တာတွေစားလိုက်ရပေမယ့်လည်း ဗိုက်ပြည့်သွားပေမယ့်လည်း တစ်ခုခုလိုနေသေးသလို မတင်းတိမ်သလို ပြောရမယ်ဆိုရင်ဖြင့် 満足(satisfied)မဖြစ်ဘူး စိတ်ကျေနပ်မှုအပြည့်အ၀မရှိနေဘူး။ Not very good အရမ်းအဆင်ပြေမနေဘူး၊ Not quite enough အရမ်းကြီးမလုံလောက်နေဘူး။ အဲ့လိုအခြေအနေမျိုးမှာဆိုရင်ဖြင့် イマイチ(今一)ဆိုတဲ့ စာလုံးလေးနဲ့ ပြောလို့ရမှာဖြစ်ပါတယ်။  ■ 調子は今一だ。  ■ ちょうしはいまいちだ。  အခြေအနေကတော့ not so fine ■ 私の料理はいまいちだ。  ■ わたしのりょうりはいまいちだ。  ■ ကျွန်တော့်ဟင်းချက်ရင် အမြဲတစ်ခုခုလိုနေတာ (သိပ်စားမကောင်းဘူး) ဆိုပြီးသုံးလို့ရတာဖြစ်ပါတယ်။  အရင်တုန်းကတော့  もう一つ လို့ပြောရင်း  ↓  今一つ လို့လည်းပြောပြီး  ↓  今一(イマイチ)ဆိုပြီးဖြစ်လာတယ်လို့လည်း ပြောကြပါတယ်။  ■イマイチわからない ဆိုတဲ့သဘောက အကုန်တော့နားမလည်ဘူး၊ နားမလည်တာတော့ နည်းနည်းရှိတယ် လို့ပြောတာဖြစ်ပြီး  ■Aさんはいい人だけどイマイチですね。  A-san က ကောင်းပါတယ်။ ဒါပေမယ့်နည်းနည်းတော့..blah blahပေါ့နော် ဆိုတာမျိုးသုံးတာဖြစ်ပါတယ်။

タブー

イメージ
  ~は タブーです。  ~သည် Tabooဖြစ်သည်။ タブー(Taboo)ဆိုတဲ့ စာလုံးလေးဖြစ်ပါတယ်။  その話はここではタブーです。  အဲ့အကြောင်းက ဒီနေရာမှာတော့ Taboo ဖြစ်ပါတယ်။  ~は目上の人に使うのはタブーです。  ~က အထက်လူကြီးအတွက်အသုံးပြုမယ်ဆိုရင် Taboo ဖြစ်ပါတယ်။ ကျွန်တော်အပေါ်မှာသုံးသွားတဲ့ Taboo ဆိုတဲ့စာလုံးလေးကဘာဖြစ်မလဲ??  Taboo ဆိုတာကတော့ 言ったりしたりしてはならないこと。 禁止されたこと。  မပြောဖို့မလုပ်ဖို့ သတ်မှတ်ထားတဲ့အရာ။ တားမြစ်ထားတဲ့အရာလို့ အဓိပ္ပါယ်ရတဲ့စာလုံးလေးဖြစ်ပါတယ်။  ပုံမှန်အားဖြင့် မိသားစုတစ်ခုမှာပဲဖြစ်ဖြစ် အဖွဲ့အစည်းတစ်ခုခုမှာပဲဖြစ်ဖြစ် မပြောဖြစ်မလုပ်ဖြစ်အောင် သတ်မှတ်ထားတဲ့အရာတွေ တားမြစ်ထားတဲ့အရာတွေရှိပါတယ်။  ဉပမာ လွန်ခဲ့တဲ့ဆယ်နှစ်က အက်ဆီးဒင့်အကြောင်းကို ဘယ်သူမှပြန်မပြောမိအောင်နေကြတယ် ဆိုရင်  その事故のことはタブーです。  အဲ့အက်ဆီးဒင့်အကြောင်းက Taboo ဖြစ်တယ် ဆိုပြီး ပြောတာဖြစ်ပါတယ်။  その言葉は上司に使うのはタブーです。  အဲ့စာလုံးက အထက်လူကြီးကိုပြောမယ်ဆိုရင်တော့ မယဉ်ကျေးရာရောက်တယ် မသုံးသင့်ဘူးဆိုတဲ့အဓိပ္ပါယ်ပါ။ မပြောသင့်မလုပ်သင့်တဲ့အရာကို ပြောမိတယ်လုပ်မိသွားတယ် ဆိုရင်တော့ タブーをおかす。 ဆိုပြီးသုံးလို့ရမှာဖြစ်ပါတယ်။...

リア充

イメージ
リア充(リアじゅう) ဒီစာလုံးလေးက リアル+充実(じゅうじつ) Real + Fulfillment = RIAJUU (Happy in real life) ဆိုတဲ့စာလုံးလေးနှစ်ခုကို ပေါင်းထားတာဖြစ်ပြီး သူ့ရဲ့အဓိပ္ပါယ်က → リアルの生活が充実している人 リアルのせいかつがじゅうじつしているひと တကယ့် real life မှာလည်း ပြည့်စုံနေတဲ့သူ ဆိုတဲ့စာလုံးလေးဖြစ်ပါတယ်။  ပုံမှန်အားဖြင့် ခုခေတ်လူငယ်တွေက Social Media မှာတော့ပျော်ရွှင်နေကြတယ်။ Manga တွေ Gameတွေနဲ့ အချိန်ကုန်နေကြတယ်လို့ဆိုပေမယ့် အဲ့ဒါတွေအပြင် တကယ့် real life မှာလည်း 充実(じゅうじつ)ဖြစ်တယ်၊ ပြည့်စုံပျော်ရွှင်နေတယ်ဆိုရင် သူက リア充(RIAJUU)ဖြစ်တဲ့သူလို့ဆိုရမှာဖြစ်ပါတယ်။  ဉပမာစာကြောင်းလေးတွေနဲ့ပြောကြည့်ရမယ်ဆိုရင်  ❶リア充したいのに彼女がいない。  Riajuu ဖြစ်ချင်ပေမယ့် ကောင်မလေးကမရှိဘူးဖြစ်နေတယ်။  ❷リア充になるにはどうすればいいのか?  Riajuu ဖြစ်အောင် ဘယ်လိုနေရမလဲ?  ❸田中さんはリア充だ。  Tanaka-san ကတော့ Riajuu ပဲ။  ဆိုပြီး သုံးလို့ရမှာဖြစ်ပါတယ်။ ပုံမှန်ဆိုရင်တော့ အလုပ်မှာပျော်တဲ့သူ ဒါမှမဟုတ် ချစ်သူရည်းစားရှိပြီးဒိတ်လုပ်လေ့ရှိတယ်၊ ဒါမှမဟုတ် သူငယ်ချင်းတွေအများကြီးရှိပြီး အမြဲတွေ့ဖြစ်တယ်၊ လျှောက်လည်ဖြစ်တယ်ဆိုရင် Riajuu ဖြစ်တယ်လို့တော့ ပြောကြပါတယ်။ Socia...

痛み入ります

イメージ
痛み入ります(いたみいります) ဒါလေးကလည်း လုပ်ငန်းခွင်မှာကြားရမယ့်စာကြောင်းလေးဖြစ်ပါတယ်။ တစ်ဖက်လူက တစ်ခုခုကူညီပေးလိုက်တဲ့အခါ ကိုယ့်ဘက်က ကျေးဇူးတင်ကြောင်းဖော်ပြတဲ့အချိန်မှာ အသုံးပြုတဲ့စာကြောင်းလေးဖြစ်ပြီး အနီးစပ်ဆုံးဆိုရင် 恐れ入ります(おそれいります)အားနာပါတယ်ဆိုတဲ့စာကြောင်းလေးနဲ့ အဓိပ္ပါယ်ဆင်တူတာဖြစ်ပါတယ်။ ※ 相手からなにかしらの便宜(べんぎ)をはかってもらった際や、 手助けを受けた際に使用する言葉 ■ お心遣い痛みります。(おこころづかいいたみいります) ■ ご厚情痛み入ります。(ごこうじょういたみいります)  စိတ်ပူပေးတဲ့အတွက် စဉ်းစားပေးတဲ့အတွက် အရမ်းကိုကျေးဇူးတင်ပါတယ်။ ■ お力添え頂き痛み入ります。(おちからそえいただきいたみいります。  ကူညီပေးတဲ့အတွက် အရမ်းကိုကျေးဇူးတင်ပါတယ်။

お言葉に甘えて

イメージ
お言葉に甘えて(おことばにあまえて) ဒီစာလုံးလေးက နေ့စဉ်ဘဝမှာပဲဖြစ်ဖြစ် လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်အမြဲကြားနေရတဲ့ စာလုံးလေးဖြစ်ပြီး သိထားရင် အရမ်းအသုံးဝင်တဲ့စာလုံးလေးဖြစ်တဲ့အတွက် အတူတူလေ့လာကြည့်ရအောင်နော်။ တစ်ဖက်ကပေးတဲ့အကူအညီကို လက်ခံတဲ့အခါမှာ အားနာပေမယ့် လက်ခံလိုက်ပါမယ်နော်ဆိုပြီး ယဉ်ကျေးစွာပြောတဲ့စကားလေးဖြစ်ပါတယ်။ ယဉ်ကျေးစွာသုံးတဲ့အသုံးဖြစ်တဲ့အတွက် ကိုယ့်ထက်ကြီးတဲ့သူ၊ respectထားချင်တဲ့သူ သိပ်မရင်းနှီးတဲ့သူတွေအတွက်အဓိကအသုံးပြုပါတယ်။ ■ お言葉に甘えさせていただきます。 အားနာစွာနဲ့ပဲ လက်ခံလိုက်ပါတော့မယ်။ ■ お言葉に甘えて頂戴(ちょうだい)いたします。 ထပ်မငြင်းတော့ဘဲ လက်ခံလိုက်ပါတော့မယ်နော်။ ကိုယ့်ထက်ငယ်တဲ့သူ ရင်းနှီးတဲ့သူတွေအတွက်ဆိုရင်တော့ 遠慮(えんりょ)なく、ဆိုတာလေးနဲ့အသုံးပြုလို့ရမှာဖြစ်ပါတယ်။

かむしゃら

イメージ
「がむしゃら」ဆိုတာလေးက ကျွန်တော်တို့နေစဉ်ဘဝမှာစိမ်းနေတဲ့ စာလုံးလေးဖြစ်ပေမယ့်  စာအုပ်တွေဖတ်တဲ့အခါမှာ အမြဲတွေ့ရလေ့ရှိတဲ့စာလုံးလေးဖြစ်ပါတယ်။ ■ 我武者羅(がむしゃら) 勢い(いきおい)や情熱(じょうねつ)だけで行動するさまを表す日本語の言葉  လုပ်ချင်စိတ်၊ ကြိုးစားချင်စိတ်တစ်ခုတည်းနဲ့ လုပ်ဆောင်ခြင်းဟု အဓိပ္ပါယ်ရတဲ့ စာလုံးလေးဖြစ်ပါတယ်။ 我武者羅に行動する(がむしゃらにこうどうする) တစ်ခုခုကိုလုပ်ဆောင်တဲ့အခါမှာ သေချာတွက်ချက်ပြီးလုပ်ဆောင်တာမဟုတ်ဘဲ လုပ်ချင်စိတ်တစ်ခုတည်းနဲ့ကြိုးစားလုပ်ဆောင်တယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ 彼の我武者羅な行動は、時には成功(せいこう)を収める(おさめる)こともあるが、リスクも高い。 သူရဲ့ပြင်းပြစိတ်နဲ့လုပ်ဆောင်ချက်က တစ်ခါတလေအောင်မြင်မှုတွေရပေမယ့် riskလည်းအရမ်းများတယ်။ その起業家は我武者羅にビジネスを展開し、大きな成功を収めた。 အဲ့ဒီလုပ်ငန်းရှင်က ပြင်းပြစိတ်တစ်ခုတည်းနဲ့ လုပ်ငန်းကိုစတင်ခဲ့ပြီး အခုဆို အရမ်းကိုအောင်မြင်နေခဲ့ပြီ။

取り柄

イメージ
「取り柄(とりえ)」 ဒီစာလုံးလေးက လုပ်ငန်းခွင်အပြင် နေ့စဉ်ဘဝပြောစကားတွေထဲမှာလည်း အမြဲတွေ့မြင်ရမယ့် စာလုံးလေးဖြစ်ပါတယ်။ ■ 人や物事の特徴(とくちょう)や長所(ちょうしょ)を指す日本語の言葉 လူ(သို့)အရာဝတ္တုတစ်ခုရဲ့ အားသာချက်၊ ထူးခြားချက်တွေကို ဖော်ပြတဲ့အခါမှာ အသုံးပြုလို့ရပါတယ်။ 取り柄のある(とりえのある)ထူးခြားချက်၊အားသာချက်ရှိတယ်၊  取り柄のない(とりえのない)ထူးခြားချက်၊အားသာချက်မရှိဘူး၊  取り柄のある人(とりえのあるひと)အားသာချက်ရှိတဲ့သူ ဆိုပြီးသုံးတာမျိုးလေးတွေများပါတယ်။ ဥပမာစာကြောင်းလေးကို ကြိုးစားပြီးဖတ်ကြည့်ရအောင်နော်။ 彼は取り柄のない普通の学生だった。 သူကဘာမှထူးခြားမှုမရှိတဲ့ သာမန်ကျောင်းသားတစ်ယောက်ပဲ။ ``その商品は価格が安いが、品質には取り柄のない。 အဲ့ကုန်ပစ္စည်းက ဈေးသက်သာပေမယ့် Qualityကဘာမှထူးခြားကောင်းမွန်နေတာမရှိဘူး။ 彼女は容姿(ようし)には取り柄のないが、心優しい性格を持っている。 သူမက ရုပ်ရည်ကသာမန်ပဲဆိုပေမယ့် စိတ်ထားအရမ်းကောင်းတယ်။

なるはや

イメージ
ASAP(as soon as possible)ဆိုတဲ့စကားက လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် အပြင်လူမှုပတ်၀န်းကျင်ကိစ္စတွေကိုပြောဆိုဆောင်ရွက်တဲ့အခါမှာပဲဖြစ်ဖြစ် အသုံးများတဲ့စာလုံးလေးဖြစ်ပါတယ်။ ASAPဆိုတဲ့အကြောင်းကို ပြောကြမယ်ဆိုရင် ကျွန်တော်ကတော့ → なるはや (Naruhaya)ဆိုတဲ့စာလုံးလေးကိုပဲ ပြေးမြင်မိပါတယ်။ အဓိပ္ပါယ်ကတော့ なるべく はやく အတတ်နိုင်ဆုံးမြန်မြန်လုပ်ဆောင်သည်(ASAP)ဆိုတဲ့စကားလေးကို အတိုကောက်ပြောတာဖြစ်ပါတယ်။ ဉပမာစာကြောင်းလေးတွေအနေနဲ့ なるはやでよろしくね。 တတ်နိုင်သလောက်မြန်မြန်လေးလုပ်ပေးနော်။ 進捗報告はなるはやで頼む。 しんちょくほうこくはなるはやでたのむ。 Progress Report ကိုတော့မြန်မြန်လေးလုပ်ပေးနော်။ ဆိုပြီး Naruhaya ဆိုတဲ့စကားလေးကိုပြောကြတာတွေ့ရပါတယ်။ အသုံးများအပြောများတဲ့စာလုံးလေး Naruhara ဖြစ်ပေမ ယ့်Polite (keigo)တော့ မဟုတ်ပါဘူး။ ASAP ဆိုတဲ့စာလုံးလေးကိုတကယ့်formal ဆန်ဆန်ရေးလို့ရမယ့် နောက်ထပ်စာလုံးလေးကတော့ 可及的速やかに(かきゅうてきすみやかに) 速やかに(すみやかに)as soon as possible ဆိုတဲ့စာလုံးလေးဖြစ်ပါတယ်။ ဉပမာစာကြောင်းလေးတွေအနေနဲ့ ❶ 可及的速やかに、対応いたします。 かきゅうてきすみやかに、たいおういたします。 အတတ်နိုင်ဆုံးမြန်မြန်လုပ်ဆောင်လိုက်ပါမယ်။ ASAP ဆိုတဲ့စာလုံးက မြန်မြန်လေးဆိုပြီး လောတဲ့စာလုံးဖြစ်တဲ့အလျောက် ပ...

勉強

イメージ
ကျွန်တော်တို့အရမ်းရင်းနှီးပြီးသားဖြစ်တဲ့ 勉強(べんきょう)စာလေ့လာခြင်းဆိုတဲ့စာလုံးမှာတောင် Business Japanese မှာသီးသန့်သုံးတဲ့ အခြားအဓိပ္ပါယ်တစ်ခုရှိနေပါသေးတယ်။ A :「こちらがお見積り(みつもり)になります」 ဒါက ဈေးနှုန်းတွက်ချက်ထားခြင်းပါ။ B:「うーん、思ったより高いねぇ。勉強できない?」 ဟင် ထင်ထားတာထက်ပိုများနေတာပဲ၊ ဈေးလျှော့ပေးလို့မရတော့ဘူးလား။ အပေါ်ကစကားပြောလေးမှာပါတဲ့「勉強できない(べんきょうできない)」ဆိုတာလေးမှာ 勉強(べんきょう)ရဲ့အဓိပ္ပါယ်က ဈေးလျှော့ပေးသည် ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။ ※ 勉強=値引き(ねびき) လုပ်ငန်းခွင်မှာ 勉強させていただきます。လို့ပြောရင် လေ့လာလိုက်ပါမယ်လို့ပြောတာမဟုတ်ဘဲ စျေးလျှော့ပေးလိုက်ပါမယ်၊ လျှော့ပေးဖို့ကြိုးစားပါ့မယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ပြောတာမျိုးဖြစ်နိုင်ပါတယ်။ ※「勉強する」は「値引きを検討して欲しい」という意味 ဥပမာစာကြောင်းလေးကို ကြိုးစားပြီးဖတ်ကြည့်ရအောင်နော်။ まとめて購入したいのですが、少し勉強していただけるのですか အားလုံးစုပြီးဝယ်မှာမလို နည်းနည်းဈေးလျှော့ပေးလို့ရဦးမလား။