自〜至


(自)ဒီခန်းဂျီးလေးကို မိနစံသိမယ်ထင်ပါတယ်။ ကျွန်တော်လည်းသိပါတယ်။

自分(じぶん)  ကိုယ်ကိုယ်တိုင် 

自動(じどう) အလိုအလျောက် 

自動車(じどうしゃ)မော်တော်ကားတို့ 

自動販売機(じどうはんばいき) အလိုအလျောက်စျေးရောင်းစက်တို့မှာ ပါတဲ့ခန်းဂျီးလေးပါ။ 

至る(いたる)ဒီခန်းဂျီးလေးကိုလည်း မိနစံသိပြီးဖြစ်ပါတယ်။ ဆိုက်ရောက်သည်ဆိုတဲ့ စာလုံးလေးပါ။ အခြားစာလုံးနဲ့ပေါင်းရင်တော့ 「し」လို့အသံထွက်ပြီး 至急(しきゅう) urgent ဆိုတာမျိုးမှာ တွေ့ရတဲ့စာလုံးလေးပါ။ ဟုတ် ကျွန်တော်သိပြီးသားစာလုံးနှစ်ခုကို 自~至 ဆိုပြီး တွေ့လိုက်ရတဲ့အခါမှာ အင်မတန်စိတ်၀င်စားဖို့ကောင်းသွားပါတယ်။ 自~至ဆိုတဲ့ အတွဲလေးက အချိန်နဲ့နေရာတွေကို ဖော်ပြတဲ့နေရာမှာ 「から~まで」လိုမျိုးပဲ အစမှတ်နဲ့ အဆုံးမှတ်ကို ဖော်ပြတဲ့ခြင်းအတွက် သုံးတာဖြစ်ပါတယ်။ အသံထွက်အနေနဲ့ဆိုရင်တော့ 自~至  じ~し ဆိုပြီးထွက်ရမှာဖြစ်ပြီး 

自9時至6時 (9時から6時まで)

၉နာရီကနေ၆နာရီအထိ 

自ヤンゴン至マンダレー (ヤンゴンからマンダレーまで) 

ရန်ကုန်ကနေမန်းလေးအထိ ဆိုရင်自~至 ရဲ့အသုံးလေးကို နားလည်မယ်ထင်ပါတယ်။ 

CV Form တွေဘာတွေရေးတဲ့အခါ ကိုယ်ကျောင်းတက်ခဲ့တဲ့ ကာလကို 自2013年12月 至2018年9月 ဆိုပြီးရေးတာမျိုးဖြစ်ပါတယ်။ အလုပ်အတွေ့အကြုံတွေရေးတဲ့နေရာမှာလည်း 自2018年10月~~会社 至2018年10月~~会社 在職中(ざいしょくちゅう) ဆိုပြီးရေးလို့ရတာဖြစ်ပါတယ်။

コメント

このブログの人気の投稿

The Art of Interpretation

ししゃごにゅう

The Book Forest of Berlin 🍀