お手すき


အလျင်မလိုတဲ့ကိစ္စတွေကို အကူအညီတောင်းတဲ့အခါ အခြားသူကို တစ်ခုခုလုပ်ပေးဖို့ပြောတဲ့အခါ အထူးသဖြင့် အထက်လူကြီးကို ပြောတဲ့အခါမျိုးမှာ

■お暇な時、よろしくお願いします。

(おひまなとき)

အားတဲ့အချိန်လုပ်ပေးပါနော်ဆိုတာထက်

■お手すきの際に、よろしくお願いいたします。

(おてすきのさいに)

အရမ်းအလုပ်မရှုပ်တဲ့အချိန်လုပ်ပေးပါဦးနော်ဆိုပြီး ယဉ်ကျေးစွာအသုံးပြုလို့ရပါတယ်။

နောက်ပြီး 暇(ひま)အားလပ်ခြင်း ဆိုတဲ့စာလုံးက အထက်လူကြီးအတွက် သုံးတဲ့အခါမှာ しつれいဖြစ်မှန်းမသိ ဖြစ်နေတဲ့အချက်လေးလည်းရှိနေတဲ့အတွက်ကြောင့်ပါ။

ယဉ်ကျေးတဲ့အသုံးဖြစ်တဲ့အတွက် ကိုယ့်ထက်ငယ်တဲ့သူတွေအတွက်ဆိုရင်မသုံးပါဘူး။

ကိုယ့်အထက်လူကြီးကို

■ お手すきの際にご一読ください。

(おてすきのさいにごいちどくください)

အားလပ်တဲ့အချိန်မှာတစ်ချက်လောက်ကြည့်ပေးပါနော်ဆိုပြီး ယဉ်ကျေးစွာပြောလို့ရမှာဖြစ်ပါတယ်။

コメント

このブログの人気の投稿

The Art of Interpretation

ししゃごにゅう

The Book Forest of Berlin 🍀