日本の空港

 

ဂျပန်လေဆိပ်

ဂျပန်လေဆိပ်လို့ပြောလိုက်ရင် Tokyoရဲ့ Hanedaလေဆိပ် နဲ့ Naritaလေဆိပ် Osakaရဲ့ Kansaiလေဆိပ်သုံးခုကိုပြေးမြင်ကြမယ်ထင်ပါတယ်။

ဒီလေဆိပ်သုံးခုစလုံးမှာ စိတ်ဝင်စားစရာအချက်လေးတွေကိုယ်စီရှိနေကြပါတယ်။

1.Haneda Airport

ဂျပန်နိုင်ငံရဲ့ Hanedaလေဆိပ်က ကမ္ဘာပေါ်မှာ အသန့်ရှင်းဆုံး လေဆိပ်အဖြစ် ဆက်တိုက်သက်မှတ်ထားခံရတဲ့ လေဆိပ်ဖြစ်ပါတယ်။ လေဆိပ်ထဲမှာတင် လည်ပတ်စရာနေရာအများအပြားရှိနေခြင်းကြောင့်လည်း နိုင်ငံခြားခရီးသွားများက နှစ်ခြိုက်ကြတဲ့ လေဆိပ်တစ်ခုဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ အဓိကအရေးအပါဆုံး လေဆိပ်တစ်ခုလည်းဖြစ်ပါတယ်။

2.Narita Airport

ဂျပန်နိုင်ငံစီးပွားရေးတိုးတက်လာပြီး Tokyoမြို့ထဲမှာ ရှိနေတဲ့ Hanedaလေဆိပ်ကို ထပ်တိုးချဲ့ဖို့မြေနေရာအနေအထားအရ မဖြစ်နိုင်တော့တဲ့အတွက် Naritaလေဆိပ်ကို ထပ်မံတည်ဆောက်ခဲ့တာဖြစ်ပါတယ်။Tokyo ကနေ ပြည်တွင်းကိုသွားမယ်ဆိုရင် Haneda, ပြည်ပထွက်မယ်ဆို Naritaကိုအသုံးများကြပြီး၊ LCC (Low cost carrier)စတဲ့ အချက်တွေနဲ့ Naritaမှာလည်း စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေအများကြီးရှိပေမယ့် Naritaလေဆိပ်ရဲ့ ပြေးလမ်းအလယ်မှာ လူနေအိမ်တစ်လုံးရှိနေတဲ့ အချက်က အင်တာနက်ပေါ်မှာ လူပြောအများဆုံးအချက်ဖြစ်ပါတယ်။ Takao Shitoမိသားစုက ယခုလက်ရှိအချိန်အထိ ဘိုးဘွားပိုင်မြေနေရာကို အစိုးရကိုရောင်းချပေးဖို့ ငြင်းဆန်နေပြီး အဲ့အတွက်ကြောင့်ပဲ လေယာဉ်ပြေးလမ်းအလည်မှာ ထူးဆန်းစွာ လူနေအိိမ်တစ်လုံးရှိနေတာဖြစ်ပါတယ်။ အိမ်တစ်ခုတည်းတင်မဟုတ်ဘဲ အပငိတွေပါစိုက်ပြီး စိုက်ပျိုးရေးပါလုပ်ပြီးနေနေတာပါ။ The home/ farm of Naritaဆိုပြီး လူသိကြပါတယ်။

3.Kansai Airport

အိုဆာကာ Kansai လေဆိပ်ရဲ့ ထူးခြားတဲ့အချက်က ကုန်းပေါ်မှာတည်ဆောက်ထားတာမဟုတ်ဘဲ Artificial Island ကျွန်းအတုပေါ်မှာတည်ဆောက်ထားတဲ့အချက်ပါ။ Osaka Bayမှာ တည်ဆောက်ထားတာဖြစ်ပြီး The world’s first ocean airportဆိုပြီးလည်း နာမည်ကြီးပါတယ်။ Osaka Airportလို့မခေါ်တဲ့အကြောင်းအရင်းက Osaka Airport (itami) ဆိုပြီး လေဆိပ်တစ်ခုရှိနေလို့ပါ။ သူကလည်း Naritaလေဆိပ်လိုမျိုး မြို့ထဲမှာရှိနေတဲ့အတွက် ဆူညံသံတွေ၊ ထပ်ချဲ့လို့မရတဲ့ အခက်အခဲတွေရှိနေတဲ့အတွက် လေဆိပ်အသစ်ကို မြို့ထဲမှာမဟုတ်ဘဲ ကျွန်းအတုလုပ်ပြီးဆောက်ဖို့ဖြစ်လာခဲ့တာဖြစ်ပါတယ်။ မြေဖို့ဖို့အတွက် တောင်၃လုံးကိုဖြိုခဲ့ရပြီး ငလျင်ဒဏ်မုန်တိုင်းဒဏ်တွေခံနိုင်ဖို့အတွက် riskတွေအများကြီးယူပြီးဆောက်ခဲ့ရတဲ့ လေဆိပ်လည်းဖြစ်ပါတယ်။

コメント

このブログの人気の投稿

The Art of Interpretation

ししゃごにゅう

The Book Forest of Berlin 🍀