なるはや

ASAP(as soon as possible)ဆိုတဲ့စကားက လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် အပြင်လူမှုပတ်၀န်းကျင်ကိစ္စတွေကိုပြောဆိုဆောင်ရွက်တဲ့အခါမှာပဲဖြစ်ဖြစ် အသုံးများတဲ့စာလုံးလေးဖြစ်ပါတယ်။

ASAPဆိုတဲ့အကြောင်းကို ပြောကြမယ်ဆိုရင် ကျွန်တော်ကတော့

→ なるはや (Naruhaya)ဆိုတဲ့စာလုံးလေးကိုပဲ ပြေးမြင်မိပါတယ်။ အဓိပ္ပါယ်ကတော့

なるべく はやく

အတတ်နိုင်ဆုံးမြန်မြန်လုပ်ဆောင်သည်(ASAP)ဆိုတဲ့စကားလေးကို အတိုကောက်ပြောတာဖြစ်ပါတယ်။

ဉပမာစာကြောင်းလေးတွေအနေနဲ့

なるはやでよろしくね。

တတ်နိုင်သလောက်မြန်မြန်လေးလုပ်ပေးနော်။

進捗報告はなるはやで頼む。

しんちょくほうこくはなるはやでたのむ。

Progress Report ကိုတော့မြန်မြန်လေးလုပ်ပေးနော်။

ဆိုပြီး Naruhaya ဆိုတဲ့စကားလေးကိုပြောကြတာတွေ့ရပါတယ်။

အသုံးများအပြောများတဲ့စာလုံးလေး Naruhara ဖြစ်ပေမ ယ့်Polite (keigo)တော့ မဟုတ်ပါဘူး။

ASAP ဆိုတဲ့စာလုံးလေးကိုတကယ့်formal ဆန်ဆန်ရေးလို့ရမယ့် နောက်ထပ်စာလုံးလေးကတော့

可及的速やかに(かきゅうてきすみやかに)

速やかに(すみやかに)as soon as possible

ဆိုတဲ့စာလုံးလေးဖြစ်ပါတယ်။

ဉပမာစာကြောင်းလေးတွေအနေနဲ့

❶ 可及的速やかに、対応いたします。

かきゅうてきすみやかに、たいおういたします。

အတတ်နိုင်ဆုံးမြန်မြန်လုပ်ဆောင်လိုက်ပါမယ်။

ASAP ဆိုတဲ့စာလုံးက မြန်မြန်လေးဆိုပြီး လောတဲ့စာလုံးဖြစ်တဲ့အလျောက် ပုံမှန်ဆိုရင်တော့ အထက်လူကြီးကအငယ်ကိုလုပ်ခိုင်းတာရယ်၊ ကိုယ်က မြန်မြန်လုပ်ဆောင်ပါ့မယ်ဆိုပြီး ပြောတာရယ်လောက်မှာပဲသုံးတာများတာဖြစ်ပြီး Business Usageတွေ ဖြစ်ပေမယ့်လည်း အထက်လူကြီးကိုပြောမယ်ဆိုရင် Tabooဖြစ်တတ်တဲ့ သတိထားရမယ့်အချက်လေးတွေကတော့ ရှိနေပြန်ပါတယ်။

コメント

このブログの人気の投稿

The Art of Interpretation

ししゃごにゅう

The Book Forest of Berlin 🍀