机上の空論
「机上の空論(きじょうのくうろん)」
လက်တွေ့မဖြစ်နိုင်တဲ့ အကြံဉာဏ်၊ အစီအစဉ်လို့ အဓိပ္ပါယ်ရတဲ့စာစုလေးဖြစ်ပြီး လုပ်ငန်းခွင်မှာ အမြဲကြားနေရတဲ့ စာစုလေးတစ်ခုလည်းဖြစ်ပါတယ်။
机上(きじょう)စားပွဲခုံပေါ်။
空論(くうろん)လေထဲကသီအိုရီ၊ လက်တွေ့မဖြစ်နိုင်တဲ့အကြံဉာဏ်။
• 彼の提案は「机上の空論」ばかりで、実行性に欠けている。
かれのていあんは「きじょうのくうろん」ばかりで、じっこうせいにかけている。
သူ့အကြံဉာဏ်တွေက အမြဲလေထဲတိုက်အိမ်ဆောက်နေသလိုပဲ၊ လက်တွေ့ဖြစ်နိုင်ချေမရှိဘူးဆိုပြီး အသုံးပြုလို့ရမှာဖြစ်ပါတယ်။
ဆင်တူတဲ့အသုံးလေးအနေနဲ့
砂上の楼閣(さじょうのろうかく)ဆိုတဲ့စာလုံးလေးလည်းရှိပါတယ်။
砂上(さじょう)သဲပေါ်
楼閣(ろうかく)ထည်ဝါသောအဆောက်အဦး
သဲပေါ်မှာဆောက်ထားတဲ့အဆောင်အဦး၊ သဲအိမ်က ဘယ်လောက်ပဲခမ်းနားနေပါစေ
သဲဖြင့်တည်ဆောက်ထားတာဖြစ်တဲ့အတွက် ချက်ချင်းပြိုကျသွားမှာဖြစ်တဲ့အတွက်ကြောင့် အသုံးမဝင်ကြောင်းကို ဖော်ပြတဲ့စာစုလေးဖြစ်ပါတယ်။

コメント
コメントを投稿