ကျက်လိုက်တဲ့စာတွေကဘယ်နားရောက်သွားတာလဲ
ကျက်လိုက်တဲ့စာတွေက ဘယ်နားရောက်သွားတာလဲ။
ဘယ်နားမှာရှိနေတာလဲ။
တစ်ခါတလေ စာလုံးတစ်ခုခုကိုမြင်လိုက်ရင်သိ စိတ်ကသိနေတာမဟုတ်ဘဲ မသိစိတ်ကသိနေတာ~~
ဥပမာ 人(ひと)ဆိုတဲ့ စာလုံးက သိစိတ်ကသိနေတဲ့ စာလုံးမျိုးဖြစ်ပြီး၊ အခြားခက်တဲ့စာလုံးတွေ
家賃 通貨 資金 勝負 貸借
စတာမျိုးတွေကျ မသိစိတ်ကသိနေတဲ့စာလုံးတွေ။
တကယ်ပါ တစ်ခါတလေ ကိုယ့်ဘာကိုယ်အဲ့စာလုံးကိုသိနေမှန်းတောင်မသိနေဘူး။ မြင်တော့မှ ဖတ်ကြည့်ပြီး ငါသိနေတာပဲဆိုပြီး ဖြစ်သွားတာမျိုး။
ဘာသာစကားဆိုတာ စိတ်နဲ့လေ့လာတာထက် ခန္ဓာကိုယ်နဲ့လေ့လာရတာပါတဲ့။ ပူတဲ့အရာတစ်ခုခုကို ထိမိရင်အားး ပူလိုက်တာ ဆိုပြီး ထအော်တာက မသိစိတ်ကအော်လိုက်မိတာဖြစ်ပြီး သိစိတ်ကထုတ်ပြောလိုက်တာမဟုတ်ပါဘူး။
ဒါကဘာသာစကားပါ။
အဲ့ဒါကြောင့်ပဲ ကလေးငယ်လေးတွေ စကားပြောတတ်နေတာပေါ့။ ဘာသာစကားတစ်ခုနဲ့ရင်းနှီးဖို့အတွက်ကစာတတ်စရာမလိုပါဘူး။ ဒါပေမယ့် စာကျက်ဖို့တော့လိုတာပေါ့။ စိတ်ကစာကျက်ပါ။ စာလုံးတွေကိုခန္ဓာကိုယ်ကမှတ်ထားပေးပြီး တကယ်လိုအပ်လာရင်ထုတ်ပေးပါလိမ့်မယ်နော်။

コメント
コメントを投稿