是非


是非(ぜひ) ဆိုတာလေးကိုမြင်ရင် “သေချာပေါက်၊ ကျိိန်းသေပေါက်၊ ဆက်ဆက်” စသဖြင့် ဘာသာပြန်မိကြမှာပါ။

是非来てください(ぜひ きてください)

ဆက်ဆက်လာခဲ့နော်

ဒီစာကြောင်းလေးကိုမြင်ရင်ရော??

是非を問う (ぜひ を とう)

သေချာပေါက် မေးမြန်းသည်လို့ ဘာသာပြန်ရင် အကြီးကြီးလွဲသွားမှာပါ။

是非(ぜひ) ဆိုတဲ့စာလုံးလေးမှာက “သေချာပေါက်၊ ကျိိန်းသေပေါက်၊ ဆက်ဆက်” ဆိုတဲ့အဓိပ္ပါယ်အပြင်

是(ぜ) ကောင်းကျိုး

非(ひ) ဆိုးကျိုး

ဆိုတဲ့အဓိပ္ပါယ်လည်းရှိသေးတာဖြစ်တဲ့အတွက်

是非を問う

ကောင်းကျိုးဆိုးကျိုးတွေကိုမေးတယ် ဆိုပြီး အဓိပ္ပါယ်ဖွင့်ဆိုပေးရမှာဖြစ်ပါတယ်။

N5 တုန်းကသိထားတဲ့ ぜひ နဲ့ N1 မှာသိရတဲ့ ぜひ နဲ့ အသံထွက်ရော ခန်းဂျီးရော စာလုံးရော အကုန်တူပေမယ့် အဓိပ္ပါယ်မတူပါဘူး။

コメント

このブログの人気の投稿

The Art of Interpretation

職場で他人の日本語ミスを指摘すべきか?

Keigo