とにかく
とにかく = Anyhow, Anyway
မြန်မာလိုဆိုရင်တော့ “ဘယ်လိုပဲဖြစ်ဖြစ်” လို့ ပြောရင်နားလည်လွယ်မယ်ထင်ပါတယ်။
သူ့ကို Adverbs (副詞)အနေနဲ့ အသုံးပြုပြီး 「いろいろな事情はさておいて。」
“အမျိုးမျိုးသော အခြေအနေတွေကို ခဏမေ့ထား ခဏဖယ်ထားပြီး “ လို့ အဓိပ္ပါယ်ဖွင့်ပါမယ်
とにかく ရဲ့ ခန်းဂျီးက 兎に角
兎 → ウサギ (ယုန်)
角 → つの (ဦးချို)
「ウサギのツノ(角)」
ယုန်ရဲ့ဦးချို တစ်မျိုးကြီးပဲနော် TT
ယုန်ရဲ့ဦးချိုကတကယ်မရှိတဲ့အရာပါ။ အဲ့ဒါကြောင့်兎に角တကယ်မရှိတဲ့အရာ တကယ်မဟုတ်တဲ့အရာတစ်ခုလို့ စဉ်းစားပြီး
とにかく話すだけ話してみよう
ဘယ်လိုပဲဖြစ်ဖြစ်ပြောတော့ပြောကြည့်ကြရအောင်
とにかくがんばること
ဘာပဲဖြစ်ဖြစ် ကြိုးစားကြည့်ရမှာပဲ ဆိုပြီး
とにかく = Anyhow, Anyway အနေနဲ့ အသုံးပြုတာဖြစ်ပါတယ်။ သူနဲ့ခပ်ဆင်ဆင် စကားလုံးတွေဖြစ်တဲ့ 「とかく 」「ともかく」 ဆိုတဲ့နှစ်ခုလည်းရှိပါသေးတယ်။ သူတို့က 「兎角」「兎も角」「兎に角」 ခန်းဂျီးလည်းတူသလို အဓိပ္ပါယ်လည်းအလွန်နီးစပ်ပါတယ်။ ကျွန်တော်မှတ်ထားတာကတော့
前に文章がなくても使えるのが「とにかく」
ရှေ့မှာစာကြောင်းမပါဘဲလည်း သုံးရင် 「とにかく」
前に文章がないと使えないのが「ともかく」
ရှေ့မှာစာကြောင်းတစ်ခုခုနဲ့ဆို 「ともかく」
ဉပမာ
とにかく始めよう。
食べものはともかく、先にホテルを予約しよう。
「とかく」ကတော့ နည်းနည်းကွာပြီး သူ့မှာ အခြားအဓိပ္ပါယ်တွေလည်းရှိပါသေးတယ်။
ဉပမာ「彼女は服装に関してとかく言ってくる」
ပြန်ပြောရမယ်ဆိုရင်ဖြင့်
「とかく」အခြေအနေတွေ ဟိုဟိုဒီဒီဖြစ်ပျက်နေခြင်း
「とにかく」အမျိုးမျိုးသောအခြေအနေတွေရှိနိုင်ပေမယ့် ခဏဖယ်ထားပြီး
「ともかく」အခြေအနေတွေမသေချာပေမယ့် အရင်ဆုံးတော့ ဆိုတာသိထားပြီး
「とかくしている」
「とにかくやってみる」
「~ともかく~行う」 ဆိုပြီးအလွယ်မှတ်ထားရင် အဆင်ပြေမယ်လို့ထင်ပါတယ်။

コメント
コメントを投稿