朝一午後一


ကျွန်တော် အခုတစ်ခေါက်မှာတော့ 朝一(あさいち)နဲ့午後一(ごごいち)ဆိုတဲ့ မိနစံသိပြီးသားဖြစ်တဲ့စာလုံးလေးနှစ်လုံးအကြောင်းကို ဘိုတောက်ပါမယ်။ ကျွန်တော်တို့တွေ အမြဲလိုလိုပေါ့နော် ကိုယ်သိပြီးသားစာလုံးတွေဖြစ်ပေမယ့် တကယ့်လက်တွေ့မှာ ရေးတော့မယ်ပြောတော့မယ်ဆိုရင် မပြောဖြစ်မရေးဖြစ်တဲ့စာလုံးလေးတွေ အများကြီးရှိနေပါတယ်။ အလုပ်ကအလျင်လိုတဲ့အချိန်မျိုးမှာ လွယ်လွယ်ကူကူသိပြီးသား စာလုံးလေးတွေ စာကြောင်းလေးတွေကိုပဲ ပြောဖြစ်ရေးဖြစ်နေပါတယ်။ 

朝一(あさいち)နဲ့ 午後一(ごごいち)က Business Terms အနေနဲ့ အလုပ်လုပ်တဲ့အခါမှာ ရေးကြပြောကြတဲ့စာလုံးလေးတွေဖြစ်ပြီး 

朝一(あさいち) 朝一番に行う。 

မနက်ခင်းမှာ ပထမဆုံး လုပ်ဆောင်မယ့်အရာ။ 

ရုံးလုပ်ငန်းတွေဆိုရင်တော့ နံနက်ခင်း ၈နာရီခွဲ ၉နာရီလောက် အချိန်ကိုဆိုလိုတာဖြစ်ပါတယ်။ 

午後一(ごごいち) 昼食後一番に行う。 

နေ့လည် ထမင်းစားနားပြီးချိန် ပထမဆုံးလုပ်ဆောင်မယ့်ကိစ္စကို ဆိုလိုခြင်းဖြစ်ပါတယ်။ နေ့လည် ၁၂ခွဲ ၁နာရီ၀န်းကျင်လောက်ပါ။ 

昼一(ひるいち)ကိုလည်း 午後(ごごいち)နဲ့ အဓိပ္ပါယ်အတူတူပဲသုံးတာမျိုးကို မြင်ဖူးပေမယ့် 

午前一(ごぜんいち)ဆိုပြီးသုံးတာမျိုးတော့ မမြင်ဖူးပါဘူး။ 

※午前一(ごぜんいち)ဆိုရင် ညသန်းခေါင်အချိန်ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်သွားမှာများလားလို့တော့ ကျွန်တော်တွေးမိပါတယ်။ 

ဉပမာ စာကြောင်းလေးတွေအနေနဲ့ကတော့ 

❶ 明日、朝イチで確認します。 (あした、あさいちでかくにんします。)

 မနက်ဖြန် ရုံးရောက်တာနဲ့ confirm လုပ်ပါမယ်။ 

❷ ミーティング、午後イチぐらいで大丈夫ですか? ミーティング、ごごいちぐらいでだいじょうぶですか? 

အစည်းအဝေးကို ထမင်းစားပြီးအချိန်လောက်လုပ်မယ်ဆို အဆင်ပြေလား? ဆိုပြီး သုံးလို့ရမှာဖြစ်ပါတယ်။

コメント

このブログの人気の投稿

The Art of Interpretation

ししゃごにゅう

The Book Forest of Berlin 🍀