スール


ကျွန်တော် ဒီတစ်ခေါက်ကတော့ 「スルーしてください。」 ဆိုတဲ့စကားလေးအကြောင်း ဘိုတောက်ပါမယ်။ ကျွန်တော်ဆောင်းပါးလေးတစ်ခုဖတ်ရင်းနဲ့ 「スルー」ဆိုတဲ့စကားလုံးလေးကို စသိခဲ့ပါတယ်။ ပုံမှန်ကြားနေ မြင်နေကျစကားလုံးလေးမဟုတ်တော့ စစတွေ့ချင်းတုန်းကတော့ တကယ်ကိုမသိခဲ့တာပါ။ အဲ့တုန်းက အရှေ့အနောက်စာကြောင်းတွေဖတ်ပြီးတော့ပဲ 「スルー」ရဲ့အဓိပ္ပါယ်ကို မှန်းပြီးဖတ်ခဲ့ရပါတယ်။ 

スルー ဆိုတာ အင်္ဂလိပ်စာလုံးဖြစ်တဲ့ “Through” ကိုပြောတာဖြစ်ပါတယ်။ ဒါပေမယ့် スルーက ဂျပန်ဘာသာစကားမှာဆိုရင် 俗語(ぞくご) ဗန်းစကားတစ်ခုအနေနဲ့ “Through”ဆိုတဲ့အဓိပ္ပါယ်အပြင် အခြားတိုက်ရိုက်အဓိပ္ပါယ်လည်းရှိပါတယ်။ 

အဲ့ဒါကတော့ 

スルー   無視(むし) လျစ်လျူရှုသည်။ 

スルーする   なかったことにする မရှိခဲ့သလိုသဘောထားသည်။ 

スルーする   聞き流す နားထောင်ပြီးမေ့ပစ်လိုက်သည်။ 

スルー Ignore ဆိုပြီးသုံးတာဖြစ်ပါတယ်။ 

အဲ့ဒါကြောင့် 「スルーしてください。」 ဆိုပြီးသုံးတာလေးကိုတွေ့ရင် 

「無視(むし)してください」 「気にしないでください」နဲ့အတူတူပဲ ထားလိုက် စိတ်ထဲမထားနဲ့ လျစ်လျူရှုလိုက်ဆိုပြီး နားလည်ရမှာဖြစ်ပါတယ်။ 

ビジネス日本語 (Business Japanese) မှာဆိုရင် 

スルーしてください。 無視(むし)してください。အပြင် 

ご放念(ほうねん)ください。 ဆိုတဲ့စကားလေးသုံးလို့ရပါတယ်။ 

ဉပမာ mail တစ်စောင်စောင်မှားပြီးပို့လိုက်တဲ့အခါမျိုးမှာ 

先に送ったメールについてはご放念ください。 

စောစောကပို့မိတဲ့ mail ကို လျစ်လျူရှုပေးပါ။

コメント

このブログの人気の投稿

The Art of Interpretation

ししゃごにゅう

The Book Forest of Berlin 🍀