3B
ဘာလုပ်ရမလဲဆိုတာ မသိဘူးဖြစ်နေတဲ့သူတွေအတွက် Idea အသစ်တွေအမြန်ဆုံးရရှိနိုင်မယ့် 3B လို့ခေါ်တဲ့နည်းလမ်းလေးကိုမိတ်ဆက်ပေးပါရစေ။
3B - The Bed, The Bath and The Bus လို့ခေါ်တဲ့နည်းလမ်းလေးဖြစ်ပါတယ်။
အိပ်ရာထဲမှာ၊ ရေချိုးခန်းထဲမှာ၊ ဘက်စ်ကားပေါ်မှာ ထိုနေရာသုံးနေရာမှာ Ideaအသစ်တွေပေါက်ဖွားဖို့အတွက် လွယ်ကူတယ်လို့ပညာရှင်တွေက သတ်မှတ်ထားကြပါတယ်။
အိပ်တော့မယ်ဆိုပြီး အိပ်ရာထဲ ဝင်လိုက်ကာမှ မနက်ဖြန်ဒါလေးတော့လုပ်မယ်၊ ဒီနေ့ဒီလိုလေးလုပ်ခဲ့လိုက်ရင်ကောင်းသား ဆိုတာမျိုးလေးတွေရှိတတ်တယ်မဟုတ်ပါလား။ ခန္ဓာကိုယ်က သက်တောင့်သက်သာဖြစ်သွားတဲ့အခါမှာ ဦးနှောက်ကအလုပ်ပိုလုပ်နိုင်သွားပြီး ideaတွေထွက်လာတယ် လို့ထင်ပါတယ်။
ရေချိုးနေတဲ့အချိန်ဆိုရင်လည်း များသောအားဖြင့် စိတ်က ပုံမှန်အချိန်တွေထက် refreshဖြစ်နေတတ်တဲ့အတွက် ကောင်းမွန်တဲ့အကြံဉာဏ်တွေကို ပုံမှန်ထက်မြန်မြန်ရရှိနိုင်တာဖြစ်ပါတယ်။
ဘက်စ်ကားစီးတဲ့အချိန်မှာကကျတော့ ဘက်စ်ကားပေါ်မှာက ရထားစီးတာထက်စာရင် အခြားသူတွေနဲ့ထိတွေ့ရမှုပိုများပါတယ်။ ဒါ့အပြင်အပြင်ဘက်က ရှုခင်းတွေကိုလည်း မြင်နိုင်တာဖြစ်တဲ့အတွက် ကျွန်တော်တို့ခေါင်းထဲမှာတောက်လျှောက်တွေးနေတဲ့ အကြောင်းအရာအဟောင်းတွေအပြင် အချက်အလက်အသစ်တွေက ဦးနှောက်ထဲကို ဝင်ရောက်လာတာဖြစ်တဲ့အတွက် ဆဲလ်လေးတွေ အလုပ်လုပ်တာမြန်သွားပြီး idea အသစ်တွေပေါက်ဖွားလာတတ်ပါတယ်။ ရုံးမှာလုပ်မယ်ဆိုတဲ့တစ်ခုခုကိုမေ့ခဲ့ပြီး အိမ်ပြန်နေရင်း လမ်းရောက်မှ သတိပြန်ရတာမျိုးက အဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
ကျွန်တော်ဆိုများသောအားဖြင့် ရေချိုးနေတဲ့အချိန်မှာ idea အသစ်တွေရတတ်တာကို သတိထားမိပါတယ်။ အဲ့ဒါကြောင့် စိတ်ရှုပ်လာတဲ့အချိန်တို့ စာကျက်ဖို့ခက်နေတဲ့အချိန်တို့မှာ အတင်းထိုင်ပြီးမစဉ်းစားဘဲ လမ်းခဏထွက်လျှောက်တာ၊ ရေချိုးတာတို့ကိုလုပ်လေ့ရှိပါတယ်။
3B - The bed, the bath, the bus
နေရာသုံးခုလုံးမှာက အကြံဉာဏ်တွေထွက်ပေမယ့် အိပ်ရာပေါ်မှာဆိုတော့ အိပ်ပျော်သွားတာ၊ ရေချိုးပြီး ဆံပင်ခြောက်အောင်လုပ်ရင်းအဝတ်လဲရင်းနဲ့မေ့သွားတာ၊ ဘက်စ်ကားပေါ်မှာတွေးမိပေမယ့် အိမ်ရောက်တော့ သတိမရတော့တာမျိုးတွေလည်းဖြစ်နိုင်တဲ့အတွက် idea ထွက်လာပြီဆိုရင် ဖုန်းထဲမှာပဲဖြစ်ဖြစ် note မှတ်လိုက်တာမျိုးလေး လုပ်ထားတတ်ဖို့တော့ အရေးကြီးပါတယ်နော်။ စာကျက်ရခက်နေတဲ့ idea မထွက်ဘဲ ဘာလုပ်ရမလဲမသိတဲ့အချိန်မျိုးမှာ 3B နည်းလမ်းလေးကို သတိထားပြီးလုပ်ဆောင်ကြည့်ပါနော်။

コメント
コメントを投稿