お言葉に甘えて
お言葉に甘えて(おことばにあまえて)
ဒီစာလုံးလေးက နေ့စဉ်ဘဝမှာပဲဖြစ်ဖြစ် လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်အမြဲကြားနေရတဲ့ စာလုံးလေးဖြစ်ပြီး သိထားရင် အရမ်းအသုံးဝင်တဲ့စာလုံးလေးဖြစ်တဲ့အတွက် အတူတူလေ့လာကြည့်ရအောင်နော်။
တစ်ဖက်ကပေးတဲ့အကူအညီကို လက်ခံတဲ့အခါမှာ အားနာပေမယ့် လက်ခံလိုက်ပါမယ်နော်ဆိုပြီး ယဉ်ကျေးစွာပြောတဲ့စကားလေးဖြစ်ပါတယ်။
ယဉ်ကျေးစွာသုံးတဲ့အသုံးဖြစ်တဲ့အတွက် ကိုယ့်ထက်ကြီးတဲ့သူ၊ respectထားချင်တဲ့သူ သိပ်မရင်းနှီးတဲ့သူတွေအတွက်အဓိကအသုံးပြုပါတယ်။
■ お言葉に甘えさせていただきます。 အားနာစွာနဲ့ပဲ လက်ခံလိုက်ပါတော့မယ်။
■ お言葉に甘えて頂戴(ちょうだい)いたします。 ထပ်မငြင်းတော့ဘဲ လက်ခံလိုက်ပါတော့မယ်နော်။
ကိုယ့်ထက်ငယ်တဲ့သူ ရင်းနှီးတဲ့သူတွေအတွက်ဆိုရင်တော့ 遠慮(えんりょ)なく、ဆိုတာလေးနဲ့အသုံးပြုလို့ရမှာဖြစ်ပါတယ်။

コメント
コメントを投稿