お裾分け
お裾分け(おすそわけ)ဆိုတာက ကိုယ့်ကိုတစ်စုံတစ်ယောက်က ပေးထားတဲ့အရာ(သို့) အကျိုးအမြတ်(သို့) စားစရာ တစ်ခုခု၊ ကိုယ်တိုင်ခူးထားပြုလုပ်ထားတဲ့အရာတစ်ခုခုကို အခြားသူကိုပြန်မျှပေးတာကိုဖော်ပြတဲ့စာလုံးလေးဖြစ်ပါတယ်။
ဒါပေမယ့် 裾(すそ)ဆိုတာ အောက်ခြေလို့ အဓိပ္ပါယ်ရတဲ့စာလုံးလေးဖြစ်တဲ့အတွက်
お裾分け(おすそわけ)ကို ကိုယ့်ထက်ကြီးတဲ့သူတွေအတွက်သုံးဖို့က မသင့်တော်ပါဘူး။
畑で採れた野菜を少しお裾分けします。
(はたけでとれたやさいをすこしおすそわけします)
ယာခင်းထဲကခူးထားတဲ့ ဟင်းသီးဟင်းရွက်တွေကို ခွဲပေးပါမယ်။

コメント
コメントを投稿