イマイチ


イマイチ စားချင်တာတွေစားလိုက်ရပေမယ့်လည်း ဗိုက်ပြည့်သွားပေမယ့်လည်း တစ်ခုခုလိုနေသေးသလို မတင်းတိမ်သလို ပြောရမယ်ဆိုရင်ဖြင့် 満足(satisfied)မဖြစ်ဘူး စိတ်ကျေနပ်မှုအပြည့်အ၀မရှိနေဘူး။ Not very good အရမ်းအဆင်ပြေမနေဘူး၊ Not quite enough အရမ်းကြီးမလုံလောက်နေဘူး။ အဲ့လိုအခြေအနေမျိုးမှာဆိုရင်ဖြင့် イマイチ(今一)ဆိုတဲ့ စာလုံးလေးနဲ့ ပြောလို့ရမှာဖြစ်ပါတယ်။ 

■ 調子は今一だ。 

■ ちょうしはいまいちだ。 

အခြေအနေကတော့ not so fine

■ 私の料理はいまいちだ。 

■ わたしのりょうりはいまいちだ。 

■ ကျွန်တော့်ဟင်းချက်ရင် အမြဲတစ်ခုခုလိုနေတာ (သိပ်စားမကောင်းဘူး) ဆိုပြီးသုံးလို့ရတာဖြစ်ပါတယ်။ 

အရင်တုန်းကတော့ 

もう一つ လို့ပြောရင်း 

↓ 

今一つ လို့လည်းပြောပြီး 

 今一(イマイチ)ဆိုပြီးဖြစ်လာတယ်လို့လည်း ပြောကြပါတယ်။ 

■イマイチわからない ဆိုတဲ့သဘောက အကုန်တော့နားမလည်ဘူး၊ နားမလည်တာတော့ နည်းနည်းရှိတယ် လို့ပြောတာဖြစ်ပြီး 

■Aさんはいい人だけどイマイチですね。 

A-san က ကောင်းပါတယ်။ ဒါပေမယ့်နည်းနည်းတော့..blah blahပေါ့နော် ဆိုတာမျိုးသုံးတာဖြစ်ပါတယ်။

コメント

このブログの人気の投稿

The Art of Interpretation

ししゃごにゅう

The Book Forest of Berlin 🍀