リア充
リア充(リアじゅう) ဒီစာလုံးလေးက リアル+充実(じゅうじつ) Real + Fulfillment = RIAJUU (Happy in real life) ဆိုတဲ့စာလုံးလေးနှစ်ခုကို ပေါင်းထားတာဖြစ်ပြီး သူ့ရဲ့အဓိပ္ပါယ်က → リアルの生活が充実している人 リアルのせいかつがじゅうじつしているひと တကယ့် real life မှာလည်း ပြည့်စုံနေတဲ့သူ ဆိုတဲ့စာလုံးလေးဖြစ်ပါတယ်။
ပုံမှန်အားဖြင့် ခုခေတ်လူငယ်တွေက Social Media မှာတော့ပျော်ရွှင်နေကြတယ်။ Manga တွေ Gameတွေနဲ့ အချိန်ကုန်နေကြတယ်လို့ဆိုပေမယ့် အဲ့ဒါတွေအပြင် တကယ့် real life မှာလည်း 充実(じゅうじつ)ဖြစ်တယ်၊ ပြည့်စုံပျော်ရွှင်နေတယ်ဆိုရင် သူက リア充(RIAJUU)ဖြစ်တဲ့သူလို့ဆိုရမှာဖြစ်ပါတယ်။
ဉပမာစာကြောင်းလေးတွေနဲ့ပြောကြည့်ရမယ်ဆိုရင်
❶リア充したいのに彼女がいない。
Riajuu ဖြစ်ချင်ပေမယ့် ကောင်မလေးကမရှိဘူးဖြစ်နေတယ်။
❷リア充になるにはどうすればいいのか?
Riajuu ဖြစ်အောင် ဘယ်လိုနေရမလဲ?
❸田中さんはリア充だ。
Tanaka-san ကတော့ Riajuu ပဲ။
ဆိုပြီး သုံးလို့ရမှာဖြစ်ပါတယ်။ ပုံမှန်ဆိုရင်တော့ အလုပ်မှာပျော်တဲ့သူ ဒါမှမဟုတ် ချစ်သူရည်းစားရှိပြီးဒိတ်လုပ်လေ့ရှိတယ်၊ ဒါမှမဟုတ် သူငယ်ချင်းတွေအများကြီးရှိပြီး အမြဲတွေ့ဖြစ်တယ်၊ လျှောက်လည်ဖြစ်တယ်ဆိုရင် Riajuu ဖြစ်တယ်လို့တော့ ပြောကြပါတယ်။ Social Media မှာတင်မကဘဲ တကယ့် Real Life မှာလည်း ပျော်ရွှင်အောင် နေတဲ့သူမျိုးပေါ့။ ကျွန်တော်တို့လည်း Riajuu ဖြစ်အောင်နေကြမယ် ကြိုးစားကြမယ်နော်။

コメント
コメントを投稿