役不足
役不足(やくぶそく)
ဒီစာလုံးလေးကလည်း BJTစာမေးပွဲမှာ အမြဲပါလာတတ်တဲ့စာလုံးလေးဖြစ်ပါတယ်။
ပေးအပ်ထားတဲ့အလုပ်တာဝန်က အရည်အချင်းထက်/လုပ်နိုင်စွမ်းထက်ပို၍နည်းနေတဲ့အချိန်မှာ အသုံးပြုတဲ့ စာစုလေးဖြစ်ပါတယ်။
ဒီမေးခွန်းလေးကိုဖြေကြည့်ပါနော်။
「役不足」という言葉を正しく使用している文は、①、②のうちどちらでしょう?
①有能な彼女がいまだに課長職にとどまっているなんて、役不足だ。
②この重要な仕事の担当者は、新入社員の彼では役不足だ。
အဖြေမှန်က နံပါတ် (၁) ဖြစ်ပါတယ်။
အရည်အချင်းက မလုံလောက်တဲ့အခါမှာ 力不足(ちからぶそく)
အရည်အချင်းတွေက ပိုတော်နေတဲ့အခါ အလုပ်က သူ့အတွကလွယ်ကူလွန်းနေတဲ့အခါမှာ
役不足(やくぶそく)ဆိုပြီး အသုံးပြုပေးရမှာဖြစ်ပါတယ်။

コメント
コメントを投稿