ဂျပန်နိုင်ငံ၏ထူးဆန်းသောအချက်များ

 

  • အမှိုက်ပုံးမရှိခြင်း

ဟုတ်ပါတယ်။ ဂျပန်ရဲ့ public area မှာရှာရအခက်ဆုံးက အမှိုက်ပုံးလို့တောင်ပြောလို့ရပါတယ်။ ဂျပန်ကနေရာတိုင်းမှာ သန့်ရှင်းနေပေမယ့် အမှိုက်ပုံးမရှိပါဘူး။ ခဏပဲလာလည်တဲ့ နိုင်ငံခြားသားတော်တော်များများလည်း အပြောများတဲ့အချက်ပြီး ကျွန်တော်တို့အပြင်တစ်ခါထွက်ပြီး ပြန်လာတိုင်း အိတ်ထဲမှာ အမှိုက်တွေ ရေဘူးခွံတွေအများကြီး ပြန်ပါလာတတ်ပါတယ်။

  • စားသောက်ဆိုင်များတွင်အချိန်ပေးတန်းစီစောင့်ခြင်း

ဂျပန်လူမျိုးတွေက အလုပ်မှာအချိန်နဲ့ပတ်သက်ပြီး တိကျတယ်၊ စည်းကမ်းကြီးတယ်ဆိုပေမယ့် စားသောက်ဆိုင်တွေအရှေ့တွေမှာ အချိန်နာရီနဲ့ချီပြီး စောင့်ဆိုင်းရတာကို သဘောကျတဲ့သူတွေပါ။ အချိန်ပေးစောင့်ပြီးမှ စားရတဲ့အခါ ဘာလေးပဲဖြစ်ဖြစ်ပိုပြီးအရသာရှိတယ်လို့ ယူဆကြပါတယ်။

  • အလှပြင်ဆိုင်/nails salonများတွင် walk-inလက်မခံခြင်းနှင့် စောင့်စရာမလိုခြင်း

အလှအပကြိုက်တဲ့ ဂျပန်လူမျိုးတွေဖြစ်တဲ့အတွက် အလှပြင်ဆိုင်/ nails salon/ beauty clinic တွေ အကုန်လုံးက အမြဲလူပြည့်နေတတ်ပါတယ်။ သွားချင်တဲ့အချိန်သွားလို့မရဘဲ အမြဲ ဖုန်းဆက် booking လုပ်ပြီးမှသွားရပါတယ်။ အဲ့ဒါကြောင့် စားသောက်ဆိုင်နဲ့မတူဘဲ စောင့်စရာလည်း မလိုပါဘူး။

  • အစားအသောက်စားရာတွင် အသံမြည်အောင်စားခြင််း

ဒါကတော့ အတော်များများ သိထားတဲ့ အချက်ဖြစ်ပြီး ဂျပန်မှာ Ramen/ soba စားတဲ့အခါ အသံမြည်အောင် စားလေ့ရှိပြီး အရသာရှိကြောင်းဖော်ကြူးလေ့ရှိပါတယ်။

  • စက္ကူအရမ်းသုံးခြင်း

နည်းပညာတိုးတက်တဲ့နိုင်ငံဖြစ်ပေမယ့် လိုတာထက်ကိုပိုပြီး (မလိုတဲ့နေရာတွေမှာတောင်) စက္ကူတွေကို အသုံးပြုကြပါတယ်။ လက်ကမ်းစာစောင်၊ ဘောင်ချာ၊ ကူပွန် တွေသာမက နေရာတိုင်းလိုလိုမှာ စက္ကူတွေကို အသုံးပြုကြပါတယ်။

နေရာတိုင်းတွင် vending machine ရှိခြင်း၊ ထမင်းပန်းကန်ကိုကိုင်၍စားခြင်း၊အိမ်တိုင်ရာရောက်marketingဆင်းခြင်း၊ tissue ဝေပေး၍ကြော်ငြာခြင်း စတဲ့စတဲ့ အချက်တွေအများကြီး ရှိပါသေးတယ်။ ဂျပန်ရောက်ပြီးမှ ထူးဆန်းလိုက်တာဆိုပြီး ခံစားစေခဲ့ရတဲ့အချက်လေးတွေရှိရင်လည်း ကွန့်မန့်မှာ မျှဝေပေးခဲ့ပါဦးနော်။ 

コメント

このブログの人気の投稿

The Art of Interpretation

ししゃごにゅう

The Book Forest of Berlin 🍀