教示
Minnasan Konnichiwa 🍀 ဒီနေ့တော့ ကျွန်တော်စာကြောင်းတွေရေးတဲ့အခါကျရင် သတိထားပြီးပြင်ရေးနေတဲ့ စာကြောင်းလေးအကြောင်းဘိုတောက်ပါမယ်။ ကျွန်တော်တို့ အလုပ်လုပ်တဲ့အခါမှာ မလုပ်မဖြစ်လုပ်နေကြရတာက 知識共有(ちしききょうゆう) 情報共有(じょうほうきょうゆう)လို့ခေါ်တဲ့ Knowledge Sharing & Information Pass လုပ်ရတာဖြစ်ပါတယ်။ အလုပ်ဆိုတာ တစ်ယောက်တည်း လုပ်ရတာမဟုတ်တဲ့အတွက် ကိုယ်မသိတာကိုမေးရတယ် ကိုယ်သိထားတာက မှန်မမှန် confirm လုပ်ရတာဖြစ်ပါတယ်။ အဲ့လို တစ်ခုခုမေးမြန်းတော့မယ် confirmလုပ်တော့မယ်ဆိုရင် အသုံးများတဲ့စာကြောင်းလေးက မိနစံသိပြီးဖြစ်တဲ့ 教えてください(おしえてください) “ပြောပြပေးပါ”ဆိုတဲ့ စာကြောင်းလေးပါ။ ကျွန်တော်အခုတလော 教えてください အစား ご教示ください。(ごきょうじ ください)ဆိုတဲ့ စာကြောင်းလေးကို ရေးဖြစ်နေပါတယ်။ အရင်教示(きょうじ)ဆိုတဲ့စာလုံးလေးကို သိပ်မကျွမ်း၀င်ခင်တုန်းက ကိုယ်မသိတာတစ်ခုခုမေးတော့မယ်ဆိုရင် ဘာလို့ရယ်တော့မသိ 教えてください。 教えていただければと思います。 “ပြောပြပေးပါ” ဆိုတဲ့စာကြောင်းအစား ご指導(しどう)のほどよろしくお願いします。 “လမ်းညွှန်ပြသပေးပါ”လို့ ပိုပြောဖြစ်ခဲ့တယ် အဲ့ဒါက ပိုပြီးပြောပြပေးချင်စိတ်ဖြစ်မယ်လို့ခံစားရလို့ပါ။ ဒါပေမယ့် ...