スールしてください



Minasan Konnichiwa 🍀

ကျွန်တော် ဒီနေ့တော့ 
「スルーしてください。」
ဆိုတဲ့စကားလေးအကြောင်း ဘိုတောက်ပါမယ်။

ကျွန်တော်ဆောင်းပါးလေးတစ်ခုဖတ်ရင်းနဲ့ 
「スルー」ဆိုတဲ့စကားလုံးလေးကို စသိခဲ့ပါတယ်။

ပုံမှန်ကြားနေ မြင်နေကျစလုံးလေးမဟုတ်တော့ 
စစတွေ့ချင်းတုန်းကတော့ တကယ်ကိုမသိခဲ့တာပါ။

အဲ့တုန်းက အရှေ့အနောက်စာကြောင်းတွေဖတ်ပြီးတော့ပဲ
「スルー」ရဲ့အဓိပ္ပါယ်ကို မှန်းပြီးဖတ်ခဲ့ရပါတယ်။

スルー ဆိုတာ အင်္ဂလိပ်စာလုံးဖြစ်တဲ့ 
“Through”ကိုပြောတာဖြစ်ပါတယ်။ 

ဒါပေမယ့် スルーက ဂျပန်ဘာသာစကားမှာဆိုရင်
俗語(ぞくご) ဗန်းစကားတစ်ခုအနေနဲ့ 
“Through”ဆိုတဲ့အဓိပ္ပါယ်အပြင်
အခြားတိုက်ရိုက်အဓိပ္ပါယ်လည်းရှိပါတယ်။

အဲ့ဒါကတော့ 

スルー ➡ 無視(むし)
လျစ်လျူရှုသည်။

スルーする ➡ なかったことにする
မရှိခဲ့သလိုသဘောထားသည်။

スルーする ➡ 聞き流す
နားထောင်ပြီးမေ့ပစ်လိုက်သည်။

スルー➡ Ignore ဆိုပြီးသုံးတာဖြစ်ပါတယ်။

အဲ့ဒါကြောင့်
「スルーしてください。」
ဆိုပြီးသုံးတာလေးကိုတွေ့ရင်

「無視(むし)してください」
「気にしないでください」နဲ့အတူတူပဲ

ထားလိုက် စိတ်ထဲမထားနဲ့ လျစ်လျူရှုလိုက်ဆိုပြီး
နားလည်ရမှာဖြစ်ပါတယ်။

ビジネス日本語(Business Japanese)မှာဆိုရင်

スルーしてください。
無視(むし)してください。အပြင်

ご放念(ほうねん)ください。
ဆိုတဲ့စကားလေးသုံးလို့ရပါတယ်။

ဉပမာ mail တစ်စောင်စောင်မှားပြီးပို့လိုက်တဲ့အခါမျိုးမှာ

先に送ったメールについてはご放念ください。
စောစောကပို့မိတဲ့ mail ကို လျစ်လျူရှုပေးပါ။ 

ဆိုပြီးသုံးတာဖြစ်ပါတယ်။

ကောင်းသောနေ့လေးဖြစ်ပါစေ 🍀

[စာကြွင်း]

ကျွန်တော့်ကို Page Messenger မှာ
Translation Checklist ပို့ပေးဖို့ပြောထားတာလေးတွေ
ရေးပေးဖို့ပြောထားတဲ့အကြောင်းအရာတွေ
မမေ့ပါဘူးနော်။ ကျွန်တော်အပျင်းကြီးနေလို့ပါ။😪

コメント

このブログの人気の投稿

The Art of Interpretation

ししゃごにゅう

The Book Forest of Berlin 🍀