ロクピタ、ノーザン
Minasan Konnichiwa
ကျွန်တော် ဒီနေ့မှာတော့ ကျွန်တော်သိပ်ကြိုက်တဲ့
လုပ်ငန်းခွင်သုံးစကားလုံးနှစ်ခုအကြောင်း
ဘိုတောက်ပါမယ်။
ပထမဆုံးစာလုံးလေးကတော့
※ ろくぴた (rokupita)
6ピタ、6ぴた、ロクピタဆိုပြီးလည်း
အမျိုးမျိုး ရေးကြပါတယ်။
အဓိပ္ပါယ်ကတော့
6時ぴったり➡ 6နာရီကွက်တိအိမ်ပြန်တယ်
ရုံးချိန်တော်တော်များများက
မနက်၉-ညနေ၆အထိများတာဖြစ်တဲ့အတွက်
ရုံးချိန်ပြီးတာနဲ့ ကွက်တိ ဒေါင်ဆိုတာနဲ့ အိမ်ပြန်ဖို့
လုပ်တယ်ဆိုတဲ့ စာလုံးလေးပါ။
例文❶ 今日は予定があるのでろくぴたします。
ဒီနေ့တော့ ကိစ္စလေးရှိလို့ ၆နာရီအတိပြန်ပါမယ်။
例文❷今日6ピタする予定だから!
ဒီနေ့ ၆နာရီအတိပြန်မှာမလို့!
ဆိုပြီးသုံးလို့ရမှာဖြစ်ပါတယ်။
ဒုတိယစာလုံးလေးကတော့
ノー残➡ No 残業(ざんぎょう)
No Overtime ဆိုတဲ့စာလုံးလေးပါ။
明日はノー残だから飲みに行きましょうか!
ဒီနေ့ အိုတီမရှိတဲ့အတွက် သွားသောက်ကြမလား?
今日はノー残だから、ロクピタします。
ဒီနေ့ အိုတီမရှိတဲ့အတွက် ၆နာရီဒေါင်ဆိုတာနဲ့ပြန်မယ်။
ဆိုပြီးသုံးလို့ရတာဖြစ်ပါတယ်။
မိနစံ နေ့ရက်တိုင်းက ノー残နဲ့ ロクピタ လုပ်နိုင်ပါစေ...
#月見

コメント
コメントを投稿