自〜至

 
Minasan Konnichiwa 🍀

(自)ဒီခန်းဂျီးလေးကို မိနစံသိမယ်ထင်ပါတယ်။
ကျွန်တော်လည်းသိပါတယ် 🤫

自分(じぶん)➡ ကိုယ်ကိုယ်တိုင်
自動(じどう)➡   အလိုအလျောက်

自動車(じどうしゃ)မော်တော်ကားတို့
自動販売機(じどうはんばいき)
အလိုအလျောက်စျေးရောင်းစက်တို့မှာ
ပါတဲ့ခန်းဂျီးလေးပါ။

至る(いたる)ဒီခန်းဂျီးလေးကိုလည်း 
မိနစံသိပြီးဖြစ်ပါတယ်။

ဆိုက်ရောက်သည်ဆိုတဲ့ စာလုံးလေးပါ။

အခြားစာလုံးနဲ့ပေါင်းရင်တော့ 「し」လို့အသံထွက်ပြီး
至急(しきゅう)➡ urgent ဆိုတာမျိုးမှာ
တွေ့ရတဲ့စာလုံးလေးပါ။

ဟုတ် ကျွန်တော်သိပြီးသားစာလုံးနှစ်ခုကို

🌟自~至🌟ဆိုပြီး တွေ့လိုက်ရတဲ့အခါမှာ 

အင်မတန်စိတ်၀င်စားဖို့ကောင်းသွားပါတယ်။

自~至ဆိုတဲ့ အတွဲလေးက 

အချိန်နဲ့နေရာတွေကို ဖော်ပြတဲ့နေရာမှာ

「から~まで」လိုမျိုးပဲ အစမှတ်နဲ့ အဆုံးမှတ်ကို
ဖော်ပြတဲ့ခြင်းအတွက် သုံးတာဖြစ်ပါတယ်။

အသံထွက်အနေနဲ့ဆိုရင်တော့
自~至 ➡ じ~し ဆိုပြီးထွက်ရမှာဖြစ်ပြီး

自9時至6時
(9時から6時まで)၉နာရီကနေ၆နာရီအထိ

自ヤンゴン至マンダレー
(ヤンゴンからマンダレーまで)
ရန်ကုန်ကနေမန်းလေးအထိ

ဆိုရင်自~至 ရဲ့အသုံးလေးကို နားလည်မယ်ထင်ပါတယ်။

CV Form တွေဘာတွေရေးတဲ့အခါ
ကိုယ်ကျောင်းတက်ခဲ့တဲ့ ကာလကို

自2013年12月 
至2018年9月

ဆိုပြီးရေးတာမျိုးဖြစ်ပါတယ်။

အလုပ်အတွေ့အကြုံတွေရေးတဲ့နေရာမှာလည်း

自2018年10月~~会社
至2018年10月~~会社 在職中(ざいしょくちゅう)
ဆိုပြီးရေးလို့ရတာဖြစ်ပါတယ်။

ဒီနေ့တော့ 
ကျွန်တော်ပထမဆုံး自~至 ကိုစတေွ့တုန်းက
ကြောင်တောင်တောင်ဖြစ်သွားသလို
မိနစံမဖြစ်အောင် ဘိုတောက်လိုက်ရပါတယ်

ကောင်းသောနေ့လေးဖြစ်ပါစေ🍀
#月見

コメント

このブログの人気の投稿

The Art of Interpretation

ししゃごにゅう

The Book Forest of Berlin 🍀