催促、督促、フォローアップメール
Minasan Konnichiwa 🍀
ကျွန်တော်ဒီနေ့တော့
Business Mail(ビジネスメール)တွေထဲကမှ
❶Remind Mail(催促 さいそくメール)
❷Urge Mail(督促 とくそくメール)
❸Follow up Mail(フォローアップメール)
ဆိုတဲ့ လုပ်ငန်းခွင်မှာပို့နေကြဖြစ်တဲ့
Mailသုံးစောင်အကြောင်း ဘိုတောက်ပါမယ်။
❶Remind Mail➡ 催促 (さいそく)
အပြန်အလှန် အလုပ်လုပ်ဆောင်တဲ့နေရာမှာ
တစ်ဖက်က Reply နောက်ကျနေတာမျိုးပဲဖြစ်ဖြစ်
တစ်ခုခုပို့ပေးမယ်ပြောထားပြီး
သတ်မှတ်အချိန်ရောက်တဲ့အထိ
မရောက်လာတာမျိုးဖြစ်တဲ့အခါမှာ
ကျွန်တော်တို့က 催促メール
(remind email)ပို့ပေးရတာဖြစ်ပါတယ်။
❷ Urge Mail (督促 とくそく)
သူကRemind Mail နဲ့အဓိပ္ပါယ်အားဖြင့်တော့
အတူတူပါပဲ။ တစ်ခုခုကို လုပ်ပေးဖို့တောင်းဆိုတဲ့
အသိပေးတဲ့အနေနဲ့ mail ပို့တဲ့အခါမှာပို့လို့ရတဲ့
အမျိုးအစားတစ်ခုပါ။ ဒါပေမယ့်မတူတာတစ်ခုက
督促メール မှာက ပိုပြီးအလျင်လိုနေပါတယ်
Urgent ဖြစ်ပါတယ်ဆိုတဲ့
အဓိပ္ပါယ်ပါရှိတာဖြစ်ပါတယ်။
❸ Follow up Mail ➡ フォローアップ メール
ကျွန်တော်တို့ အလုပ်တစ်ခုခုလုပ်ပြီးတိုင်း
Follow up mail ပို့ဖို့လိုအပ်ပါတယ်။
ဉပမာ...
Potential Client တစ်ယောက်ကဖုန်းဆက်ပြီး
ကိုယ့်အလုပ်အကြောင်း တစ်ခုခုမေးတယ်ဆိုပါစို့
သူမေးတာဖြေပေးလိုက်ရုံနဲ့ မလုံလောက်ပါဘူး။
ဖုန်းပြောပြီးရင် မေးမြန်းစုံစမ်းတဲ့အတွက်
➡ ကျေးဇူးတင်ကြောင်း Follow up mail ပို့ရင်း
အပြင်မှာလက်တွေ့ရှင်းပြပေးဖို့လိုအပ်ရင်
စီစဉ်ပေးနိုင်ကြောင်း
ပြောပြပေးရမှာဖြစ်ပါတယ်။
ဒီလိုနဲ့ အပြင်မှာတွေ့ပြီး ဆွေးနွေးပြီးတဲ့နောက်
➡ အချိန်ပေးတဲ့အတွက်ကျေးဇူးတင်ကြောင်း
Follow up mail ပို့ရင်း
Proposal (提案書)、Quotation(見積書)
စီစဉ်ပို့ပေးမယ့်အကြောင်း
စကားဆက်ရမှာဖြစ်ပါတယ်။
Proposal (提案書)တွေ Quotation(見積書)
တွေပို့ထားပြီးတဲ့
အချိန်မှာလည်း ပစ်ထားလို့မရသေးပါဘူး။
တစ်ချိန်တစ်ခုရောက်တဲ့အခါ အဆင်ပြေရဲ့လား
စျေးညှိပေးရမလား ဘာလုပ်ပေးရဉီးမလဲဆိုတဲ့
Follow up ကို ဆက်တိုက်လုပ်ပေးဖို့လိုအပ်ပါတယ်။
အဲ့လိုနဲ့ Sales Deal ဖြစ်ပြီး
အရောင်းအ၀ယ်အဆင်ပြေသွားပြီးတဲ့
နောက်မှာလည်း after sales service ဖြစ်တဲ့
Follow up လုပ်တာမျိုးလေးတွေက လိုအပ်မှာဖြစ်ပါတယ်။
[ကျွန်တော်က Follow up ကအရေးကြီးကြောင်း၊
Follow upဆိုတဲ့သဘောတရားလေးကို
ရေးချင်တာဖြစ်တဲ့အတွက်
အတိုချုံ့ပြီးပဲရေးထားတာဖြစ်ပါတယ်။
တကယ့်လုပ်ငန်းခွင်ရဲ့
New lead (potential client) ကနေ Sales dealဖြစ်အောင်လုပ်တဲ့နေရာမှာ Follow up
တစ်ခုတည်းတင်မဟုတ်ဘဲ
အခြားအဆင့်များစွာရှိပါသေးတယ်။]
Follow up emailတွေက များသောအားဖြင့်
Business in charge (営業担当)တွေက
ပို့တာများပါတယ်။
フォローアップメールက
အဆင်ပြေတဲ့အချိန်မှာ ပို့ပေးလို့ရပေမယ့်
催促メールနဲ့ 督促メールကို ပို့တဲ့အချိန်မှာ
သတိထားရမယ့်အချက်တွေအနေနဲ့ကတော့
မပို့ခင်မှာ ကိုယ့်ဆီတကယ်မရောက်လာတာဟုတ်မဟုတ်
သေချာပြန်စစ်ရမယ့်အချက်ရယ်🌟
မနက်ပိုင်းမှာပို့ရမယ်ဆိုတဲ့အချက် ရှိပါတယ်။🌟
ဒီမေးလ်နှစ်ခုက တစ်ခုခုလုပ်ပေးဖို့ပြောတာဖြစ်တဲ့အတွက်
တစ်ဖက်လူကမေ့နေတဲ့အခြေအနေမျိုး
ကိုယ်ကလောလိုက်တာဖြစ်တဲ့အတွက်
ပြီးအောင်လုပ်ရမယ့်
အခြေအနေမျိုးဖြစ်သွားစေတဲ့အတွက်
ညနေပိုင်းမှပို့မယ်ဆိုရင်
တစ်ဖက်က အချိန်ပိုဆင်းပြီးလုပ်ရတာမျိုးတွေ
ဖြစ်သွားစေနိုင်တဲ့အတွက်ပါ။
ဒီနေ့ အဓိကပြောချင်တာကတော့
ကျွန်တော်တို့တစ်ခါတလေ
Example Sentence တွေရှာဖတ်လေ့လာတဲ့အခါမှာ
Business Mail (ビジネスメール)
ဆိုပြီးလေ့လာတာထက်
催促メール
督促メール
フォローアップメール
ဆိုပြီးသီးသန့်ကိုယ်လိုချင်တဲ့အကြောင်းအရာလေးတွေကို
ရှာဖတ်ရင် လိုချင်တဲ့စာကြောင်းလေးတွေကို
အလွယ်တကူရှာတွေ့နိုင်မယ်ဆိုတဲ့အကြောင်းလေးကို
ဘိုတောက်တာဖြစ်ပါတယ်။
ကောင်းသောနေ့လေးဖြစ်ပါစေ🍀
#月見

コメント
コメントを投稿