ししゃごにゅう



Minasan Konnichiwa 🍀

ကျွန်တော် အခုတလော ကျန်းမာရေးချူချာနေလို့
ဘိုတောင် သိပ်မတောက်နိုင်ဘူးဖြစ်နေပါတယ်။

ဒီနေ့မှာတော့ 「ししゃごにゅう」ဆိုတဲ့
စာလုံးလေးအကြောင်းပြောပါမယ်။

ကျွန်‌တော်တို့ကိန်းဂဏန်းတွေ တွက်တဲ့အခါ
ဒသမကိန်းတွေပါလာပြီဆိုရင် 
ရှေ့တိုးနောက်ဖြုတ်တာတွေ လုပ်ကြတယ်လေ

ဉပမာ 
3.9 ➡ 4 
6.2 ➡ 6

နောက်ကကိန်းက ၅နှင့်အထက်ဆိုရင်
ရှေ့ကို တစ်တိုးပြီး 
၄နှင့်အောက်ဆိုရင်
ဖြုတ်လိုက်တာမျိုးကို 

အင်္ဂလိပ်လိုဆိုရင်တော့ 
“Rounding” လုပ်တယ်လို့ခေါ်ပြီး

ဂျပန်လိုဆိုရင်တော့ 
ししゃごにゅう ➡ 四捨五入  လို့
ပြောရမှာဖြစ်ပါတယ်။

စာလုံးလေးရဲ့အဓိပ္ပါယ်ကရှင်းပါတယ်။

四 ➡ よん (four)

捨てる ➡ すてる (throw)

五 ➡ ご (five)

入れる ➡ いれる (insert)

四捨五入 ➡ ししゃごにゅう (rounding)

2.49 ကို四捨五入 လုပ်မယ်ဆိုရင် 2.5
2.5 ကို四捨五入 လုပ်မယ်ဆိုရင်တော့ 3 
ရမှာဖြစ်ပါတယ်။

四捨五入 လုပ်တဲ့အခါ 

ဖြုတ်လိုက်တယ်ဆိုတာကို 

切り捨て(きりすて) ➡ rounding down
လို့ပြောပြီး

ရှေ့ကိုပေါင်းထည့်လိုက်တယ် တိုးလိုက်တယ်ဆိုတာကို

切り上げ(きりあげ)➡ rounding up
လုပ်တယ်လို့ပြောရမှာဖြစ်ပါတယ်။

လွယ်တဲ့စာလုံးလေးဖြစ်ပေမယ့် 
အမြဲတွေ့နေမြင်နေကျမဟုတ်တော့
ရုတ်တရက်ဘာသာပြန်မယ်၊ စကားပြန်မယ်ဆိုရင်
မေ့နေနိုင်တဲ့အတွက် 
သတိတရဘိုတောက်လိုက်ရပါတယ်

‌ကောင်းသောနေ့လေးဖြစ်ပါစေ 🍀
#月見

コメント

コメントを投稿

このブログの人気の投稿

The Art of Interpretation

The Book Forest of Berlin 🍀