打ち上げ
打ち上げ(うちあげ)ဆိုတဲ့ စာလုံးလေးကိုမြင်လိုက်တာနဲ့
ကျွန်တော်တို့ သွားပြီးမြင်လိုက်တာက
「打ち上げ花火(うちあげはなび)」ဆိုတာလေးဖြစ်ပါတယ်။
「打ち上げ花火(うちあげはなび)」
① 打ち上げ(うちあげ)လွှင့်တင်ခြင်း
② 花火(はなび)မီးပန်း
-----
တကယ်က 打ち上げ(うちあげ)ဆိုတဲ့စာလုံးလေးမှာ
လွှင့်တင်ခြင်းဆိုတဲ့အဓိပ္ပါယ်အပြင် သိပ်မသိကြတဲ့
အခြားအဓိပ္ပါယ်လည်းရှိနေပါသေးတယ်။
意味
■ ロケットや花火などを空中に放つこと
(ロケットやはなびなどをくうちゅうにはなつこと)
ဂြိုဟ်တု၊ မီးပန်းစသည်တို့ကို ကောင်းကင်ပေါ်သို့ လွှတ်ခြင်း
■ 宴会やパーティーを開催すること
(えんかいやパーティーをかいさいすること)
ပါတီပွဲကျင်းပခြင်း
---
လုပ်ငန်းခွင်မှာအသုံးများတာကတော့
ဒုတိယအဓိပ္ပါယ်လေးဖြစ်ပါတယ်။
ပရောဂျက်တစ်ခုခုအောင်မြင်သွားတဲ့အခါ၊
အားလုံးစုပေါင်းလုပ်ထားတဲ့အလုပ်တစ်ခု
အောင်မြင်စွာပြီးဆုံးသွားတဲ့အခါမှာ
ကျင်းပတဲ့ပါတီပွဲအခမ်းအနားကို
打ち上げ(うちあげ)ဆိုပြီးဖော်ညွှန်းတာဖြစ်ပါတယ်။
ဥပမာစာကြောင်းလေးတွေကို ကြိုးစားပြီးဖတ်ကြည့်ရအောင်နော်။
1.新製品の発表を祝って、会社で打ち上げが行われた。
ကုန်ပစ္စည်းထုတ်လုပ်နိုင်ခြင်းကိုဂုဏ်ပြုတဲ့အနေနဲ့ ကုမ္ပဏီပါတီပွဲကျင်းပခဲ့ကြတယ်။
2.映画の撮影が終了したので、キャストとスタッフの打ち上げが行われた。
ရုပ်ရှင်ရိုက်ကူးရေးပြီးသွားတဲ့အတွက်ကြောင့် သရုပ်ဆောင်တွေနဲ့ဝန်ထမ်းတွေအားလုံးအတူ ပါတီကျင်းပခဲ့ကြတယ်။

コメント
コメントを投稿