しおလို့ပြောလိုက်ရင်


 しお လို့ပြောလိုက်ရင် ကျွန်တော်တို့သိထားတာက

塩(しお)ဆား 

ဆိုတဲ့စာလုံးလေးပါ။


N1 Levelရောက်ရင် 

潮(しお)ဒီရေ 

ဆိုတဲ့ စာလုံးအသစ်လေးကို ထပ်မံလေ့လာရပါတယ်။

အသံတူပြီး Kanji/အဓိပ္ပါယ်မတူတဲ့ စာလုံးလေးနောက်တစ်ခုပေါ့။ 


Business Japanese မှာဆိုရင်

潮時(しおどき)ဆိုတဲ့စာလုံးလေက အသုံးများပါတယ်။

BJT မှာမေးလေ့ရှိတဲ့ မေးခွန်းလေးတစ်ခုပေါ့။

အဓိပ္ပါယ်ကတော့


潮時(しおどき)အချိန်ကောင်း၊ အခွင့်အခါကောင်း (the right time)

တစ်စုံတစ်ခုကိုစတင်ဖို့အတွက် အကောင်းဆုံးအချိန်

ဆိုတဲ့ စာလုံးလေးဖြစ်ပါတယ်။


潮(しお)ဒီရေ အခြေအနေကိုစောင့်ကြည့်ပြီးမှ သင်္ဘောထွက်သင့်တဲ့အချိန်ကို

ဆုံးဖြတ်ခဲ့ကြတာကနေ စတင်လာခဲ့တဲ့ စာလုံးလေးလို့လည်း ပြောပါတယ်။ 


■ 彼は潮時を見て発言した。

(かれは しおどき を みて はつげんした)

သူက အခြေအနေကောင်းကိုစောင့်ပြီး ထုတ်ပြောခဲ့တယ်။


■ どんなものにも潮時がある。

(どんなものにも しおどき が ある)

ဘယ်အရာမှာပဲဖြစ်ဖြစ် သူ့အချိန်အခါကောင်းဆိုတာ ရှိတယ်။


-----

ကလေးတို့အတွက် စာကျက်ဖို့အကောင်းဆုံးအချိန်ကတော့

*အခု*ပဲဖြစ်ပါတယ်။

-----


ကောင်းသောနေ့လေးဖြစ်ပါစေ။

Tsukimi

コメント

このブログの人気の投稿

The Art of Interpretation

ししゃごにゅう

The Book Forest of Berlin 🍀