使用、利用
အသုံးပြုတာတော့ အသုံးပြုတာချင်းအတူတူပါပဲ။
ဒါပေမယ့် ဘာသုံးရမလဲ?
光先生より👇👇👇
ဒီနေ့မှာတော့ အမေးများလွန်းတဲ့
使用(しよう) နဲ့ 利用(りよう)
တို့ရဲ့ကွာခြားချက်ကို ပြောပြပေးမှာဖြစ်ပါတယ်။
နှစ်ခုလုံးကတော့ အသုံးပြုသည် ဟု အဓိပ္ပါယ်ရပါတယ်။
ဒါပေမယ့် သူတို့ ၂ ခုကို အသုံးပြုရတဲ့နေရာမှာ
ကွဲပြားချက်လေး အနည်းငယ်တော့ ရှိနေပါတယ်။
使用(しよう)➡ အသုံးပြုသည်
使う(つかう) + 用いる(もちいる)ကိုတော့
လူ၊အရာဝတ္ထု၊ ပစ္စည်း၊ နေရာ စသည့်အရာတွေကို
အသုံးပြုတဲ့အခါမှာ သုံးပါတယ်။
သူ့မှာပါတဲ့ 使う kanji ဟာဆိုရင်လည်း
အသုံးပြုတယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်သောကြောင့်
ရိုးရိုးရှင်းရှင်းလေးပဲ အသုံးပြုတယ်လို့မှတ်ထားရင်
ရပါတယ်။
利用(りよう)➡ အသုံးပြုသည်
利く(きく) + 用いる(もちいる)ကိုတော့
လူ၊ အရာဝတ္ထု၊ ပစ္စည်း၊ နေရာ စသည့်အရာတွေမှာ ပိုင်ဆိုင်ထားတဲ့လုပ်ဆောင်ချက်တွေ
အစွမ်းသတ္တိတွေကို အသုံးချပြီး
တစ်နေရာရာမှာ အသုံးဝင်အောင်
အသုံးပြုတဲ့အခါမျိုးမှာ
利用(りよう)ဆိုတဲ့စာလုံးကိုသုံးမှာဖြစ်ပါတယ်။
ဥပမာ စာကြောင်းလေးတွေနဲ့
နားလည်လွယ်အောင် ရှင်းပြရရင်တော့
事務所(じむしょ)の会議室(かいぎしつ)
を使用(しよう)するためには、
予約(よやく)が要る(いる)。
ရုံးက Meeting Room ကိုအသုံးပြုမည်ဆိုပါက
booking လုပ်ထားရန်လိုအပ်ပါတယ်။
私(わたし)は学校(がっこう)に
行く(いく)ためにバイクを利用(りよう)する。
ကျွန်တော် ကျောင်းသို့သွားရန် ဆိုင်ကယ်ကို အသုံးပြုပါတယ်။
ဒီနှစ်ခုမှာဆိုရင်တော့ အပေါ်ကစာကြောင်းက
ရိုးရိုးတန်းတန်း Meeting Room ကို အသုံးပြုတာဖြစ်ပြီး
အောက်က စာကြောင်းမှာဆိုရင်တော့
ကျောင်းသို့ ရောက်အောင်သွားရန် (တစ်နည်းအားဖြင့် အကျိုးတစ်ခုခု ဖြစ်လာရန်)
ဆိုင်ကယ်ကို အသုံးပြုတယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။
အောက်ပါအတိုင်းလည်းမှတ်သားနိုင်ပါတယ်။
使用(しよう)する >>
使う(つかう)အသုံးပြုသည်။
利用(りよう)する >>
役に立つ(やくにたつ)ように使う(つかう)
တစ်ခုခုမှာ အကျိုးရှိရန် ရည်ရွယ်ရန် အသုံးပြုသည်။
(အသုံးချသည်)
အားလုံးပဲ နားလည်လွယ်မယ်လို့ မျှော်လင့်ပါတယ်။
နောက်ထပ် သိချင်တာလေးတွေ ရှိရင်လည်း
月見 အကိုကြီးက ကြိုးစားပြီးဖြေပေးမှာ
ဖြစ်လို့ မေးလိုက်ကြပါ😅
မျှဝေသူ - 光
Edited - 月見

コメント
コメントを投稿