整理、整頓、整列
ကျွန်တော်မနေ့က 「ダラリ」ကိုရှောင်ရမယ်ဆိုတဲ့
အကြောင်းလေးရေးဖြစ်ပါတယ်။
အမေးရှိရင်အဖြေရှိရမယ်ဆိုသလို
「ダラリ」မဖြစ်အောင်ဘယ်လိုလုပ်လို့ရမလဲဆိုတဲ့
နည်းလမ်းလေးကို ဒီနေ့ပြောပြပေးချင်ပါတယ်။
အဲ့နည်းလမ်းကတော့
① 整理(せいり)
② 整頓(せいとん)
③ 整列(せいれつ)
ဆိုတဲ့နည်းလမ်းလေးဖြစ်ပါတယ်။
အရင်ဆုံးစာလုံးလေးတွေအကြောင်းအနည်းငယ်ပြောပြပါမယ်။
စာလုံးသုံးခုစလုံးမှာ ဘုံအနေနဲ့ပါ၀င်နေတာက
整える(ととのえる)
စနစ်တကျထားသိုသည်၊
စီရီသည်(Arrange) ဆိုတဲ့
စာလုံးလေးဖြစ်ပါတယ်။
せいり နဲ့ せいとん ကို
整理整頓(せいりせいとん)ဆိုပြီး
အတွဲလိုက်လေးမြင်ရတာများတယ်ဆိုပေမယ့်
せいり နဲ့ せいとんရဲ့ အဓိပ္ပါယ်ကမတူပါဘူး။
① 整理(せいり)
いるものといらないものを分け、
いらないものを捨てること
လိုတာမလိုတာတွေကို ခွဲခြားပြီး
မလိုတာတွေကိုပစ်တာက せいりဖြစ်ပါတယ်။
တစ်နည်းအားဖြင့်
せいり ➡ Organize
② 整頓(せいとん)
必要なものを必要な時に使えるようにすること
လိုတဲ့အရာကို လိုတဲ့အချိန်မှာ
ချက်ချင်းရယူနိုင်ရန်စီစဉ်ထားခြင်း
せいとん ➡ Arrange
③ 整列(せいれつ)
ただ綺麗に並ぶこと
ကြည့်ရမြင်ရအဆင်ပြေအောင်
အစီအရီထားခြင်း
せいれつ ➡ Align
ဆိုပြီး အဓိပ္ပါယ်ဖွင့်ပါမယ်။
ကျွန်တော်တို့ အလုပ်လုပ်တဲ့အခါမှာပဲဖြစ်ဖြစ်
နေ့စဉ်ဘ၀မှာပဲဖြစ်ဖြစ်
せいり、せいとん、せいれつ မဖြစ်နေရင်
ダラリတွေဖြစ်ပါတယ်။
ကိုယ့်ရဲ့ ကွန်ပျူတာထဲမှာ
မလိုတဲ့ဖိုင်တွေကို မဖျတ်ထားဘူး (せいり)
လိုတဲ့အချိန်အလွယ်တကူရှာလို့ရအောင်မစီစဉ်ထားဘူး(せいとん)
ဒါ့အပြင် တခြားဖိုင်တွေနဲ့လဲရောထေွးနေပြီး
ပေါင်းစုံဖြစ်စီစီရီရီမရှိနေဘူး (せいれつ)ဆိုရင်
အလုပ်လုပ်တဲ့အခါမှာ 無駄(むだ)တွေဖြစ်ပါမယ်။
အထက်လူကြီးက မြန်မြန်ပို့ပေးဖို့ပြော
မဖြစ်နိုင်တာတွေအတင်းမူးနောက်နေအောင်လိုက်ရှာ
無理(むり)တွေဖြစ်ပါမယ်။
အဲ့လိုပဲ နေ့စဉ်ဘ၀မှာလည်း
せいり、せいとん、せいれつဖြစ်မနေရင်
မလိုတာတွေထပ်၀ယ်မိတာမျိုး
ダラリတွေဖြစ်နေဉီးမှာပါ။
せいり、せいとん、せいれつ က
သုံးခုလုံးလုပ်နိုင်ရင် ပိုအဆင်ပြေပါတယ်။
အချိန်မရသေးရင်တော့ ရှုပ်မနေအောင် အရင်စီထားလိုက်ပါ။(せいれつ)
နည်းနည်းအချိန်လေးရရင် လိုတာတွေအလွယ်တကူ
ရှာဖွေလို့ရအောင် စီစဉ်ထားရှိပါ။ (せいとん)
အားတဲ့တစ်နေ့ကျရင်တော့ မလိုတာတွေကို
ရွေးထုတ်ပြီးပစ်လိုက်ပါ။(せいり)
せいり、せいとん、せいれつဖြစ်နေရင်
ダラリတွေကို အနည်းငယ်တော့
လျော့ချနိုင်မယ်လို့ထင်ပါတယ်။
ကောင်းသောနေ့လေးဖြစ်ပါစေ🍀
#月見

コメント
コメントを投稿