一筋縄

 

Minasan Konnichiwa 🍀


ကျွန်တော်ဒီနေ့ ဒုတိယမြောက်ပို့စ်အနေနဲ့


一筋縄(ひとすじなわ)」ဆိုတဲ့


စာလုံးစာလုံးလေးအကြောင်းဘိုတောက်ပါမယ် 


一筋 (ひとすじ)→ one long straight object 


縄(なわ)→  rope


一筋縄(ひとすじなわ) ကို

တိုက်ရိုက်ဘာသာပြန်မယ်ဆိုရင်တော့

ကြိုးရှည်တစ်ချောင်း ပေါ့။


ဒါပေမယ့် သူ့မှာအခြားအဓိပ္ပါယ်တစ်ခုရှိပါသေးတယ်။

အဲ့ဒါကတော့ 


一筋縄(ひとすじなわ)  = 普通の方法(ふつうのほうほう)


Hitosujinawa = ordinary method 


ပဲဖြစ်ပါတယ်။


တကယ့်တကယ်ပြောတဲ့ရေးတဲ့အခါ


ဒီ一筋縄(ひとすじなわ)  ဆိုတဲ့စာလုံးလေးကို


ကြိုးရှည်တစ်ချောင်းဆိုတာထက်


ပုံမှန်ဖြစ်ရိုးဖြစ်စဉ်နည်းလမ်းဆိုတဲ့သဘောနဲ့

ပြောကြရေးကြတာများပါတယ်။


ဉပမာအားဖြင့်


“一筋縄ではいかない”


“ပုံမှန်လုပ်ရိုးလုပ်စဉ်နည်းလမ်းနဲ့ကတော့အဆင်မပြေနိုင်ဘူး”


ဆိုတဲ့ စာကြောင်းလေးက အသုံးများပါတယ်။


父(ちち)は頑固(がんこ)だから

一筋縄(ひとすじなわ)ではいかないわ。

အဖေက ခေါင်းမာတဲ့အတွက် 

ရိုးရိုးပြောလို့တော့ ရမှာမဟုတ်ဘူး။


ဆိုပြီးသုံးလို့ရမှာဖြစ်ပါတယ်။


ကျွန်တော် ဒီစာလုံးလေးကိုစသိတုန်းက


အဓိပ္ပါယ်ကိုသေချာမသိသေးတော့


ကြိုးတစ်ချောင်းနဲ့တော်တော်တိုင်ပတ်ခဲ့တာပါ 😅


Hitosujinawa = ordinary method ဆိုတဲ့အသုံးလေးကို

မမေ့တော့စေရန် ဘိုတောက်လိုက်ရပါတယ်


ကောင်းသောနေ့လေးဖြစ်ပါစေ🍀

#月見

コメント

このブログの人気の投稿

The Art of Interpretation

ししゃごにゅう

The Book Forest of Berlin 🍀