甲乙丙丁
Minasan Konnichiwa 🍀
ကျွန်တော်ဒီနေ့တော့
甲乙丙丁(こうおつへいてい)ဆိုတဲ့
နံပါတ်စဉ်လေးအကြောင်း ဘိုတောက်ပါမယ်။
「甲乙丙丁」
「こうおつへいてい」ဆိုတဲ့စာလုံးလေးတွေက
၁၂၃၄တွေလိုမျိုးပဲ အမှတ်စဉ်တွေကို
ဖော်ပြတဲ့နေရာမှာသုံးပါတယ်။
甲(こう) က နံပါတ် တစ်ဖြစ်ပြီး
乙(おつ) က နံပါတ် နှစ်
丙(へい) က နံပါတ် သုံး
丁(てい) က နံပါတ် လေး
ကိုကိုယ်စားပြုတာဖြစ်ပါတယ်။
甲乙丙丁လို့ ပြောပေမယ့်
ဒီအမှတ်စဉ်မှာ တစ်ဆယ် အထိရှိပါတယ်။
* 甲(コウ/きのえ)= 1
* 乙(オツ/きのと)= 2
* 丙(ヘイ/ひのえ)= 3
* 丁(テイ/ひのと)= 4
* 戊(ボ/つちのえ)= 5
* 己(キ/つちのと)= 6
* 庚(コウ/かのえ)= 7
* 辛(シン/かのと)= 8
* 壬(ジン/みずのえ)= 9
* 癸(キ/みずのと)= 10
ဆိုပြီးရှိတာဖြစ်ပါတယ်။
ဒီနံပါတ်စဉ်လေးကlevelတွေ gradeတွေကို
ဖော်ပြတဲ့နေရာမှာလည်းသုံးတာဖြစ်ပြီး
အရင်တုန်းက ကျောင်းရဲ့အမှတ်စာရင်းတွေရဲ့
Grade နေရာမှာ 甲 လို့ပါရင်
အဆင့် A ရတာပေါ့
အဲလိုမျိုးလေးပါ။
ဒီနံပါတ်စဉ်ကို မှတ်ထားဖို့လိုလားဆိုတော့ ?
甲乙丙丁အထိ လေးခုလောက်ကတော့
မှတ်ထားဖို့လိုအပ်ပါတယ်။
အခုလက်ရှိ
ဂျပန်လိုရေးထားတဲ့ စာချုပ်(contract)တွေမှာ
ဒီနံပါတ်စဉ်လေးတွေကို ထည့်ရေးကြတဲ့
အတွက်ပါ။
ဉပမာ
ABC company ( hereafter referred to as 甲)
XYZ company ( hereafter referred to as 乙)
ဆိုပြီးစာချုပ်စာတမ်းတွေရေးတဲ့နေရာမှာ
ထည့်သုံးတာဖြစ်ပြီး
အဲ့ကျရင် ကျွန်တော်တို့က
"甲" ကို စာချုပ်ချုပ်ဆိုမည့် Party A၊
"乙" ကိုစာချုပ်ချုပ်ဆိုမည့်Party B အဖြစ်
ဘာသာပြန်ပေးရမှာဖြစ်ပါတယ်။
အချို့စာချုပ်စာတမ်းတွေမှာလည်း
“甲" ကိုParty Aအဖြစ်၊
"乙" ကိုParty B အဖြစ်၊
“丙"ကို Third Partyအဖြစ်
ထည့်သွင်းရေးသားပြီး
甲 နဲ့ 乙 သိတဲ့အကြောင်းအရာတွေကို
丙 မသိစေရဆိုတဲ့အချက်က
စာချုပ်ချုပ်ဆိုတဲ့နှစ်ယောက်ကလွဲပြီး
အခြား third party ထံမပေါက်ကြားစေရဆိုတဲ့
အချက်ဖြစ်ပါတယ်။
အဲ့ဒါကြောင့် စာရွက်စာတမ်း
တစ်နေရာရာမှာ 甲乙丙丁ရဲ့ စာလုံးလေးတွေကို
တွေ့ရင် မကြောင်သွားကြဖို့နဲ့
မှန်ကန်သင့်လျော်စွာ ဘာသာပြန်နိုင်ဖို့အတွက်
ဘိုတောက်လိုက်ရပါတယ်
ကောင်းသောနေ့လေးဖြစ်ပါစေ 🍀
#月見

コメント
コメントを投稿