当て字
Minasan Konnichiwa
Happy Friday ပါ 🍀
ကျွန်တော် ဒီနေ့ 当て字(あてじ)ဆိုတဲ့
အကြောင်းလေးကိုဘိုတောက်ပါမယ်။
当て字(あてじ)ဆိုတာကတော့
- Kanji used as a phonetic symbol
- Substitute Character
နားလည်လွယ်အောင်ပြောရမယ်ဆိုရင်
ကျွန်တော်တို့တွေ ခန်းဂျီးကိုလေ့လာတဲ့အခါမှာ
ပုံမှန်စာလုံးတွေအပြင် ထပ်မှတ်ရတဲ့
ထူးခြားတဲ့ခန်းဂျီးတွေရှိပါတယ်။
အဲ့စာလုံးတွေကို 当て字(あてじ)
လို့ခေါ်ပြီး သူ့ကိုယေဘုယျအားဖြင့်
❶ခန်းဂျီးအဓိပ္ပါယ်ကိုယူ၍ခေါ်ဆိုခြင်း
❷ခန်းဂျီးအသံထွက်ကိုယူ၍ခေါ်ဆိုခြင်း
ဆိုပြီး နှစ်မျိုးခွဲလို့ရပါမယ်။
ဉပမာ ကျွန်တော်တစ်ခါရေးဖူးတဲ့
▪️ 海老(えび) → ပုစွန်(prawn)
ဒီစာလုံးဆိုရင် ခန်းဂျီးရဲ့
အသံထွက်ကိုယူတာမဟုတ်ဘဲ
အဓိပ်ပါယျကိုယူထားတဲ့
Group ❶ 当て字(あてじ) ဖြစ်ပါတယ်။
xxxxxxxxxxxxxxxxxx
▪️珈琲(コーヒー)
ဟုတ်ပါတယ် ဒီခန်းဂျီးက
coffee ရဲ့ ခန်းဂျီးဖြစ်ပြီး
နိုင်ငံခြားစာလုံးဖြစ်တဲ့ coffee ကို
ခန်းဂျီးစာလုံးသတ်မှတ်ပေးထားတာဖြစ်လို့
Group ❷ 当て字(あてじ) ဖြစ်ပါတယ်။
xxxxxxxxxxxxxxxxxx
ခန်းဂျီးကိုလေ့လာတဲ့နေရာမှာ
❸熟字順(じゅくじじゅん)
Special Kanji Readings
ဆိုတဲ့အချက်ကိုလည်း မေ့ထားလို့မရပါဘူး။
ဘာလို့လဲဆိုတော့
昨日(きのう) → yesterday
今日(きょう) → today
明日(あした) → tomorrow
お土産(おみやげ) → အိမ်ပြန်လက်ဆောင်
上手な(じょうずな) → တော်သော
下手な(へたな) → ညံ့သော
အစရှိတဲ့ စာလုံးတွေက
အမှတ်တမဲ့ကြည့်လိုက်မယ်ဆိုရင်ဖြင့်
当て字 Group ❷ ဖြစ်တဲ့
❷ခန်းဂျီးအဓိပ္ပါယ်ကိုယူ၍ခေါ်ဆိုခြင်း လို့
အထင်မှားနိုင်ပါတယ်။
တကယ်က အဲ့စာလုံးတွေက当て字မဟုတ်တဲ့
Special Compound Reading အနေနဲ့
စုပေါင်းအသံထွက်တဲ့ စာလုံးတွေဖြစ်ပါတယ်။
🌟 အဲ့တော့ ဒီနေရာမှာ ခြွင်းချက်အနေနဲ့
当て字❶ရော ❷ရောမဟုတ်တဲ့
熟字順(じゅくじじゅん)
Special Kanji Readings ရှိသေးတယ်ဆိုတဲ့
အချက်ကိုလည်း မှတ်ထားပေးဖို့လိုပါမယ်။
ဂျပန်လူမျိုးမဟုတ်တဲ့
ကျွန်တော်တို့နိုင်ငံခြားသားတွေရဲ့ နာမည်ကို
ပုံမှန်ဆိုရင် katakana နဲ့ရေးကြတယ်ဆိုပေမယ့်
ဂျပန်ခန်းဂျီးနဲ့ရေးချင်တဲ့ အခါမျိုးမှာလည်း
当て字❶ ဒါမှမဟုတ် 当て字❷ရဲ့
ခန်းဂျီးအသံထွက်ကိုယူပြီးပေးတာမျိုး
အဓိပ္ပါယ်ကိုယူပြီးပေးတာမျိုး
ဖြစ်ပါတယ်။
ကျွန်တော် သိပြီး အံ့အားသင့်ရတဲ့
当て字ခန်းဂျီးတစ်ခုကတော့
頁 ⬅︎ ဒီစာလုံးလေးပါ
ページ(page) ကို ကိုယ်စားပြုတဲ့ ခန်းဂျီးဖြစ်ပြီး
改頁 - かいページ
Turning next page(နောက်စာမျက်နှာပြောင်းခြင်း) ဖြစ်ပါတယ်။
ပုံမှန်မြင်နေကျ
改行 (かいぎょう) turn new row
ရဲ့နောက်မှာ
改頁 - かいページ ဆိုပြီး ခန်းဂျီးကြီးနဲ့
မြင်လိုက်ရတုန်းက မှတ်မှတ်ရရမှတ်ထားခဲ့တဲ့
当て字(あてじ)စာလုံးလေးဖြစ်ပါတယ်။
Burma ビルマ → 緬甸
America アメリカ → 亜墨利加
အစရှိတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့
စာလုံးတွေအများကြီး ရှိတာမလို့
語呂合わせနည်းတူ
当て字 စာလုံးလေးတွေကိုလည်းလေ့လာဖို့
တိုက်တွန်းပါတယ်။
ကောင်းသောနေ့လေးဖြစ်ပါစေ 🍀
#月見
コメント
コメントを投稿