先送り
Minasan Konnichiwa 🍀
先 👈
ဒီစာလုံးလေးကို သိပါသလား?
အားလုံးသိထားပြီး ဖြစ်တဲ့
先生(せんせい) - sensei
先週(せんしゅう) - last week
先月(せんげつ) - last month
စတာတွေမှာတွေ့ရတဲ့
先(さき)ဆိုတဲ့စာလုံးလေးဖြစ်ပါတယ်။
ကျွန်တော်တို့တွေက
先(さき)ဒီစာလုံးကို မြင်ရင်
先(さき)= previous/ past
အရင်က၊ ပြီးခဲ့တဲ့ ဆိုပြီး
အတိတ်သဘောဆောင်တဲ့စာလုံးအနေနဲ့
အများစုမှတ်ယူလေ့ရှိကြပါတယ်။
ကျွန်တော် ဒီနေ့ ဘိုတောက်ချင်တဲ့
အကြောင်းအရာလေးကတော့
先(さき)= future
ဆိုတဲ့အကြောင်းလေးဖြစ်ပါတယ်။
ဟုတ်ပါတယ်
先ရဲ့ မူရင်း အဓိပ္ပါယ်မှာကိုက
Past/Future ဆိုပြီး ရှိတာဖြစ်ပြီး
ဉပမာစာလုံးအနေနဲ့
◾️先送り(さきおくり)
日時を延ばして行うことにすること。
👉delay/postponed/put off/extend
👉နောက်ကိုရွှေ့သည်
လို့အဓိပ္ပါယ်ရပါတယ်။
(Futureကိုရွှေ့လိုက်တာဖြစ်ပါတယ်။)
[Example Sentence]
�私は彼の叔父さんの死のことを彼に話すのを
出来る限り先送りした。
I delayed telling him about his uncle's death as long as I could. [from Jisho]
◾️先伸ばし(さきのばし)
ある期限までに達成しなければならない仕事をすることを避けることである。
👉Procrastination
👉အချိန်ဆွဲသည်။
[Example Sentence]
難しいことを先伸ばし。
ခက်ခဲတဲ့အလုပ်တွေဆို ချက်ချင်းမလုပ်ဘူး
အချိန်ဆွဲထားသည်။
(Futureကိုရွှေ့လိုက်တာဖြစ်ပါတယ်။)
xxxxxxxxxxxxxxxxxx
အထက်မှာရေးခဲ့တဲ့ စာလုံးတွေကိုကြည့်မယ်ဆိုရင်
先(さき)မှာ future ဆိုတဲ့အဓိပ္ပါယ်ရှိတာကို
သိနိုင်ပါတယ်။
နောက်တစ်ခုက
〜先 ဆိုရင်
destination လားရာ/ဦးတည်ရာအနေနဲ့
ကျွန်တော်တို့သိထားပြီးဖြစ်ပါတယ်။
宛先(あてさき)- address/destination
取引先(とりひくさき) - customers/ contact destination
အဲ့တစ်ချက်ကလည်း ထည့်သွင်းမှတ်ထားရမယ့်
အချက်တစ်ခုပါပဲ။
ဒီနေ့မှာတော့
先(さき) = past/ future
ဆိုတဲ့အချက်လေးကို မှတ်ထားပေးစေလိုပါတယ်။
အသံထွက်လည်းမတူဘူးပြောတယ်။
ဒါကတော့ ကျွန်တော် website တစ်ခုမှာ
တွေ့ဖူးထားလေးပါ 👇
Future 「先」:サ→キ↗
Past 「先」:サ↘キ→
အနှစ်ချုပ်ရမယ်ဆိုရင်တော့
先ほど(さきほど) → past
お先に(おさきに) → past
先送り(さきおくり) → future
先伸ばし(さきのばし) → future
စတာတွေ ရှိနိုင်တာဖြစ်ပါတယ်။
✳ ︎သတိထားရမှာတစ်ခုက
先送り နဲ့ 先に送り က
လုံးဝမတူတဲ့စာလုံးနှစ်ခုဖြစ်ပါတယ်။
先送り နောက်ရွှေ့သည်
先に送り အရင်ဆုံးပို့ပေးသည်
ဖြစ်ပါတယ်။
ကောင်းသောနေ့လေးဖြစ်ပါစေ 🍀
#月見

コメント
コメントを投稿