サボる



 
Minasan Konnichiwa 
Doumo Ohisashiburi Desu 🍀

ဒီ content လေးကတော့ မနက်ဖြန်အတွက်
Trip Mood တွေ OFF ပြီး
Work Mood တွေ ပြန် ON ဖို့အတွက်
ရည်ရွယ်ပါတယ်။

🍀🍀

ကျွန်တော်တို့ ကျောင်းတက်တုန်းက

အတန်းချိန်မတက်ဘဲ အတန်းလစ်တယ်ဆိုတာကို
ဆန်းဆေးက “サボる”လုပ်တယ်လို့ပြောတယ်။

အဲ့ကတည်းက
အလုပ်လစ်တာတို့ ကျောင်းလစ်တာတို့ကို 
サボるဆိုတဲ့စာလုံး‌လေးနဲ့ပြောလို့ရတယ်လို့သိခဲ့ပါတယ်။

သူ့မှာထူးခြားတာတစ်ခုက 
Hiragana နဲ့ “さぼる”လို့မရေးဘဲ

ရှေ့က サボ ကိုကျ 
ဘာလို့ Katakanaနဲ့ရေးတာလဲပေါ့။

ဒီစာလုံးလေးက
Sabotage ဆိုတဲ့ပြင်သစ်စာလုံးလေးကို 
Katakana နဲ့ サボタージュ 
(အပျင်းကြီးသည်၊ အတန်းလစ်သည်)

အဲ့ဒါကိုမှ အတိုကောက်အနေနဲ့ サボるဆိုပြီး
မွေးစားစာလုံးလေးဖြစ်လာတာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဂျပန်မှုပြုထားတဲ့စာလုံးလေးဖြစ်တဲ့အတွက်
ရေးတဲ့အခါサボる ဆိုပြီး 
ရှေ့က サボကို 
Katakanaနဲ့ရေးတာဖြစ်ပါတယ်။

ဒီအထိက ကျောင်းတက်ကတည်းက
ဆန်းဆေးတွေသင်ပေး 
ပြောပြပေးထားတာဖြစ်တဲ့အတွက်
ကျွန်တော့်သိထားပြီးဖြစ်ပေမယ့် 

နောက်ပိုင်း အလုပ်လုပ်ရင်းနဲ့မှ

#ネゴる→ネゴシエーション(negotiation)

#サチる→サチュレーション(saturation)

#ググる→グーグルで検索(けんさく)する(googling)

#デモる→デモンストレーション(demonstration)

#バグる→ バグが発生(はっせい)すること(Bug occurrence)

ဆိုပြီး サボるလိုမျိုးစိတ်၀င်စားစရာကောင်းတဲ့
စာလုံးလေးတွေ ထပ်မံသိလာရတာဖြစ်ပါတယ်။

အဲ့လို စာလုံးမျိုးလေးတွေကို 

အင်္ဂလိပ်လို jargon(ジャーゴン)
ဂျပန်လိုဆိုရင် “隠語(いんご)” 
ဗန်းစကားလို့လည်း
‌ခေါ်တာဖြစ်ပါတယ်။

Katakana တစ်၀က် Hiraganaတစ်၀က်
ရောရေးထားတဲ့စာလုံးတွေတွေ့ရင်

စိတ်၀င်စားဖို့ကောင်းတဲ့ ジャーゴンစာလုံးတွေများ
ဖြစ်နေမလားဆိုပြီး သတိရစေလိုပါတယ်။

ကောင်းသောနေ့လေးဖြစ်ပါစေ 🍀
#月見

コメント

このブログの人気の投稿

The Art of Interpretation

職場で他人の日本語ミスを指摘すべきか?

Keigo