機能、関数


ကျွန်တော် Programming ကို
အရမ်းကြီးတော့မသိပေမယ့်
Design Document တွေ
Specification Document တွေကို
ဘာသာပြန်ရင်းနဲ့ စကားလုံးတစ်လုံးကို
သတိထားမိတာရှိပါတယ်

အဲ့ဒါကတော့ “Function”ဆိုတဲ့စကားလုံးပါ။

Software Development နဲ့ဆက်ဆိုင်တဲ့
Documentတေွကို
တွေ့မြင်နေကျမဟုတ်ဘူးဆိုရင်
Function ကို မြင်တာနဲ့「機能(きのう)」ဆိုပြီး
ဘာသာပြန်မိနိုင်ပါတယ်။

機能(きのう)ဆိုတာက Function ပါ။

အဲ့ဒါအပြင် နောက်ထပ် Function လို့အဓိပ္ပါယ်ရတဲ့
စကားလုံးတစ်ခုရှိပါသေးတယ်
အဲ့ဒါကတော့ 「関数(かんすう)」ပါ။

機能/関数 = Function

機能  物のはたらき。作用。
法律では、機関がその権限内で活動できる能力。

機能(きのう)က အရာ၀တ္တုတွေရဲ့ အလုပ်လုပ်နိုင်စွမ်းရည်ကိုဖော်ပြတဲ့ functionဖြစ်ပြီး   

関数  数の集合に値をとる写像の一種である。

関数(かんすう)ကတော့ သင်္ချာသဘောတရားဖြစ်တဲ့
မှီကိန်း (သို့မဟုတ်) အခြားတန်ဖိုးအပြောင်းအလဲအပေါ်
တည်မှီနေသော ပမာဏဟု အဓိပ္ပါယ်ရပါတယ်။

Function「関数」は,いろいろなプログラミング言語で採用されているモジュールの一つの形態です.
[Source : http://lise-sophia.net/]

Function(関数)က အမျိုးမျိုးသောProgramming Languageတွေမှာ အသုံးပြုတဲ့ module တစ်ခုဖြစ်ပြီး

တကယ်တော့ ရှုပ်အောင်ပြောရမယ်ဆိုရင်ဖြင့် 😅

関数とはプログラミングにおいてどのようなものなのかというと、処理を記憶しておく関数という意味になります。

関数ဆိုတာကလည်းPrgramming မှာဆိုရင်
Processတွေကိုမှတ်ထားပေးတဲ့機能တစ်မျိုးပဲဖြစ်ပါတယ်။

အဲ့ဒါကြောင့်

Functional Language  関数型言語
Functional programming  関数型プログラミング 
ဆိုပြီး ဘာသာပြန်မှမှန်မှာဖြစ်ပါတယ်။

Excel Function ကိုလည်း Excel 関数ဆိုပြီး
ခေါ်တာတွေတွေ့ရမှာဖြစ်ပါတယ်။

Function「機能」は,コンピュータ,ソフトウェア ,
アプリケーション,システムが行ういろいろな仕事を指します。

အလားတူ Function「機能」ကလည်း
ကွန်ပျူတာများ၊ ဆော့ဖ်ဝဲများ၊
အပလီကေးရှင်းများနှင့်
စနစ်များမှလုပ်ဆောင်သောအလုပ်များကို
ရည်ညွှန်းတာဖြစ်တဲ့အတွက်
Specification Documents (仕様書)တွေမှာ
Function「機能」ကိုလည်းတွေ့ရတတ်ပါတယ်။

Functional analysis  機能分析
Functional requirements  機能要件
Functional specification  機能仕様

ဆိုပြီး ရှိနိုင်တာဖြစ်တဲ့အတွက်

Function ဆိုတဲ့စကားလုံးကို ဘာသာပြန်တော့မယ်ဆိုရင်
စာလုံးရဲ့အရှေ့အနောက်သေချာထပ်ကြည့်ပြီး
機能 နဲ့ 関数 ကိုခွဲခြားပြီးသုံးပေးဖို့လိုမှာပဲဖြစ်ပါတယ်။

#月見

コメント

このブログの人気の投稿

The Art of Interpretation

職場で他人の日本語ミスを指摘すべきか?

Keigo