金利、利子、利息


金利 → ?? 利子 → ?? 利息 → ??
違う??

ဂျပန်ဘာသာစကားမှာ အဓိပ္ပါယ်အလွန်နီးစပ်တဲ့
「類語(るいご)」လို့ခေါ်တဲ့
Synonyms များစွာရှိပါတယ်။

ငယ်ငယ်တုန်းက မှတ်ရခက်လို့ဆိုပြီး
မရေးတတ်လို့ဆိုပြီး ခန်းဂျီးမကြိုက်ပေမယ့်
ကြာလာလေလေ ခန်းဂျီးက
အသက်သခင်ကျေးဇူးရှင်မှန်းသိလာရလေပါပဲ

အဓိပ္ပါယ်မသိလည်း ခန်းဂျီးကြည့်ပြီးခန့်မှန်း
(ရွှီးတယ်ပေါ့နော်)
ခန်းဂျီးမသိလည်း သူ့မှာပါတဲ့ အစိတ်အပိုင်းတွေကြည့်ပြီးခန့်မှန်း
တကယ့်ကို ကျေးဇူးရှင်ကြီးပါ

金利、利子、利息 ဒီသုံးလုံးမှာဆိုရင်လည်း
သူတို့ရဲ့အဓိပ္ပါယ်ကို
ကျွန်တော်တို့ detail မသိပေမယ့်

မြင်တာနဲ့ 利益 ရဲ့ အပေါင်းအပါတွေဖြစ်မယ်ဆိုတာကို ခန့်မှန်းလို့ရပါတယ်

Google translate မှာထည့်လိုက်မယ်ဆိုရင်လည်း

Interest rate, interest, interest ဆိုပြီး
သုံးခုလုံးအတွက် တူညီတဲ့အဖြေကို
ထုတ်ပေးမှာဖြစ်ပါတယ်

ဒါပေမယ့်သူ့နေရာနဲ့သူခွဲပြီးသုံးခြင်းကလည်း
စိတ်၀င်စားဖို့ကောင်းပါတယ်
ဉပမာအားဖြင့် ကျွန်တော်
ပိုက်ဆံစုနေတယ်ဆိုရင် 「貯金する」
ကျွန်တော်စုထားတဲ့ပိုက်ဆံတွေကို
ဘဏ်မှာအပ်မယ်ဆိုရင်「預金する」

အဲ့လိုပဲ金利、利子、利息 နဲ့ပတ်သတ်ပြီး

Financing အပိုင်းမှာဘယ်လိုသုံးလဲဆိုတာကို
နည်းနည်းအသေးစိတ်လေ့လာကြည့်ပါမယ်

#金利 interest rate

interest rate ဆိုတဲ့အတိုင်း
ပုံမှန်အားဖြင့် ဘဏ်ကနေ ငွေချေးမယ်ဆိုရင်
金利နှုန်းထားကို ပေးဆောင်ရပြီး

ပိုက်ဆံအပ်ထားတယ်ဆိုရင်တော့
ကျွန်တော်တို့ 金利နှုန်းထားအတိုင်း
အတိုးပမာဏကို ရမှာဖြစ်ပါတယ်။

金利% ဆိုပြီးဖော်ပြလေ့ရှိပါတယ်။

-----------
#利子 interest (on a loan, deposit, etc.) 

お金を借りたときの借り賃が「利子」です。
ပိုက်ဆံချေးယူတဲ့အခါမှာ
ကိုယ့်ဘက်ကပေးဆောင်ရတဲ့ အတိုးဖြစ်ပါတယ်

利子 တွက်ပုံတွက်နည်းက

元本×金利% = 利子

ဉပမာအားဖြင့်
10,000×5% = 500 လို့ဖြစ်ပါမယ်။

利子ရဲ့အောက်မှာမှ
simple interest 「単利」 &
compound interest 「複利」
ဆိုပြီး အချိန်ကာလပေါ်မူတည်ပြီးတွက်တဲ့
အခြားစကားလုံးတွေလည်းရှိပါသေးတယ်

-----------
#利息 interest
お金を貸したときに受け取るお金のことです。
ပိုက်ဆံအပ်ထားတဲ့အခါမှာ ရတဲ့ အတိုးဖြစ်ပါတယ်။

「利子」နဲ့「利息」 က အတူတူပဲဆိုပေမယ့်
လက်ခံတဲ့ဘက်နဲ့ ပေးဆောင်ရတဲ့ ဘက်ကို ခွဲပြီး
အသုံးပြုခြင်းဖြစ်ပါတယ်

-----------
「利息制限法」 Interest Limitation Law အရတော့

※ 銀行実務では、利子という言葉はほとんど使いません。利息という用語を使います。
ဘဏ်လုပ်ငန်းပိုင်းဆိုင်ရာမှာဆိုရင်利子 ထက်利息 ကိုသုံးပါတယ်။

※ 税金関係では利子という用語が使われています。
အခွန်လုပ်ငန်းဆိုင်ရာမှာဆိုရင်利子 က အသုံးပိုများပါတယ်

ဆိုပြီးLawအရ သတ်မှတ်ထားတာမျိုးတွေလည်းရှိနေပါတယ်။

参考サイト  
https://www.financepensionrealestate.work/
https://www.jibunbank.co.jp/
https://biz.trans-suite.jp/
https://www.bridge-salon.jp/toushi/interest-money/
http://edu.daiwa.jp/

コメント

このブログの人気の投稿

The Art of Interpretation

職場で他人の日本語ミスを指摘すべきか?

Keigo