おどろき、もものき







おどろき、もものき
Odoroki Momonoki 

ကျွန်တော် ဒီစကားလေးကို 
ဇာတ်ကားတစ်ခုထဲမှာစကြားဖူးခဲ့တာ

おどろき(အံ့အားသင့်သည်)အထိတော့ သိသေးတယ်
နောက်က もものき(မက်မွန်ပင်) ဆိုတာဘာလဲပေါ့

တကယ်တော့ 語呂(ごろ)ဆိုတဲ့စကားလုံးလေးရှိတယ်
語呂(ごろ)ဆိုတာ  sound (of a sentence) 
အသံစကားလုံးလေးတွေလို့ အဓိပ္ပါယ်ရပါတယ်

အရှေ့က စာလုံးရဲ့ အဆုံးသတ်အသံအတိုင်း 
တူတဲ့စာလုံးလေးတွေကို ထပ်ပေါင်းထည့်ပြီး
言葉遊び(ことばあそび)လုပ်တာဖြစ်ပါတယ်။

အဲ့ဒါကို 語呂合わせ(ごろあわせ)
လို့လည်းခေါ်ပါတယ်။

おどろきました。လို့ပြောတာထက်

おどろき、もものき でした。လို့ပြောတာ

ပိုပြီးပျော်စရာကောင်း ချစ်စရာကောင်းတာမျိုးလေးပေါ့

တကယ်က おどろき、もものきရဲ့နောက်မှာ
さんしょのきဆိုတာလေးလည်း ပါပါတယ်

#驚き桃の木山椒の木

နောက်ဆို おどろきましたအစား

おどろきもものきさんしょのき
ဆိုပြီးပဲပြောတော့မယ် 😅

語呂合わせ(ごろあわせ)နဲ့ 
言葉遊び(ことばあそび)
အဲ့ဒါလေးတွေအရမ်းစိတ်၀င်စားဖို့ကောင်းပါတယ်
မိနစံလည်းလေ့လာကြည့်ဖို့ တိုက်တွန်းပါတယ်

နောက်တစ်ခုစိတ်၀င်စားဖို့ကောင်းတာတစ်ခုရှိသေးတယ်
ဂျပန်စကားလုံးလေးတွေကို 
ကိန်းဂဏန်း(code)လေးတွေနဲ့ပြောတာ

ဉပမာ 

39 → さんきゅう →Thank You

ဆိုတာမျိုးလေးတွေပေါ့

သူက  အောက်မှာပြောထားတဲ့အတိုင်း
0 ကနေ 9 အထိဂဏန်းတေွကို 
ကိုယ်ပိုင်အသံလေးတွေသတ်မှတ်ထားပြီး
စာလုံးတွေကို code အဖြစ်‌ပြောင်းပြီးပြောတာပါ။

• 1 : いち、い、ひとつ、ひと、あい、ぼう
• 2 : に、ふたつ、ふた、ふ、つ、じ
• 3 : さん、さ、みっつ、みつ、み
• 4 : よん、よ、よっつ、よつ、し、ふぉ、ほ
• 5 : ご、こ、い、いつつ、いつ
• 6 : ろく、ろ、むっつ、むつ、む、る
• 7 : しち、ななつ、なな、な
• 8 : はち、は、ぱあ、やっつ、やつ、や、やあ
• 9 : きゅう、きゅ、く、ここのつ、ここの、こ
• 0 : れい、れ、ぜろ、ない、わ、まる、おー・おう・おお
[list source :wiki]

အောက်ကကျွန်တော်သဘောကျလို့
မှတ်ထားတဲ့Code ဆယ်ခုပါ

084 → おはよう
72 → なに
4649  → よろしく
889 → はやく
114106 → あいしてる
3476 → さよなら 
0906 → おくれる
0833 → おやすみ
3341 → さみしい
4510 → 仕事(しごと)

အခြားစိတ်၀င်စားဖို့ကောင်းတဲ့ codeတွေလည်း
အများကြီးရှိပါသေးတယ်။ 

စိတ်၀င်စားရင်
 ポケベル用語一覧(ポケベルようごいちらん)ဆိုပြီး
ရှာကြည့်ပါနော် အများကြီးထွက်လာပါလိမ့်မယ်။

ကောင်းသောနေ့လေးဖြစ်ပါစေ🍀
#月見

コメント

このブログの人気の投稿

The Art of Interpretation

ししゃごにゅう

The Book Forest of Berlin 🍀