雨の匂い
雨の匂い
မိုးရွာပြီးရင် အနံ့လေးတစ်ခုရတယ်
ကျွန်တော်တို့ အများစုကတော့
မြေသင်းနံ့လေးလို့ခေါ်လေ့ရှိကြမယ်ထင်တယ်
ဂျပန်လိုဘာညာ ရှာကြည့်ရင်တော့
သူတို့ကပြောတယ်「雨のにおい」မိုးရနံ့လေးတဲ့
စာတမ်းတေွထဲမှာ အဓိပ္ပါယ်ဖွင့်ဆိုထားတာကတော့
「長い間日照りが続いた後の
最初の雨に伴う独特の香り」
ပူနွေးတဲ့ရာသီဉတုဆက်တိုက်ဖြစ်ခဲ့ပြီးတဲ့နောက်
ပထမဦးဆုံးမိုးနှင့်ဆက်စပ်၍ဖြစ်ပေါ်လာရသည့်ထူးခြားသောရနံ့ ဆိုပဲ။
သူ့မှာ သိပ္ပံနည်းကျနာမည်လည်းရှိသေးတယ်
#Petrichor : A pleasant smell that frequently accompanies the first rain after a long period of warm.
အခုနောက်ပိုင်းတော့ 「雨のにおい」အစား
ဘိုဆန်ဆန် 「ペトリコール」လို့ပြောလာကြတာတွေလည်းရှိတယ်
ペトリコールနာမည်နဲ့သီချင်းတွေလည်းရှိသလို
ထပ်ပြီးလေ့လာရင်လေ့လာသလောက်
သူ့ရဲ့ဒြပ်ပေါင်းတွေ
မိုးမရွာခင်ရတဲ့အနံ့ မိုးရွာပြီးရတဲ့အနံ့
သစ်ပင်တွေဆီကရတဲ့အနံ့ ကမ္ဘာမြေကြီးကရတဲ့အနံ့
မိုးရနံ့ကိုပဲပြန်သုတေသနလုပ်ထားတာတွေ အစုံပါပဲ
အဲ့အနံ့လေးကမကြိုက်တဲ့သူတွေအတွက်ကတော့
ဖုန်နံ့လိုလို ရွှံ့နံ့လိုလိုဆိုပေမယ့်
ကျွန်တော်တော့အဲ့အနံ့လေး သိပ်ကြိုက်တယ်
「匂いが過去を思い出させる」
အနံ့လေးတွေက ကျွန်တော်တို့ကို
အတိတ်ကိုခေါ်သွားတယ်တဲ့
ဆိုတဲ့စကားအတိုင်း မြေသင်းနံ့လေးရတိုင်း
စိတ်ထဲမှာတစ်မျိုးလေးပဲ
ပျော်သလိုလို လွမ်းသလိုလိုလေး
မိုးရနံ့နဲ့ပတ်သတ်တဲ့ ဂျပန်ကဗျာလေးတစ်ပုဒ်
「ベランダで
雨の匂いと
纏い付く湿った風に
この身あずける」
Beranda de ame no nioi to matoi tsuku shimetta kaze ni kono mi azukeru
လသာဆောင်မှာ
မိုးရနံ့နဲ့အတူကပ်ပါလာတဲ့
စိုစွတ်တဲ့လေညင်းလေးတွေဆီ
ကျွန်တော့်ကိုယ်ကျွန်တော်အပ်နှင်းထားမယ်….
အလုပ်တွေ စိတ်တေွပင်ပန်းနေပေမယ့်
မိုးရွာလို့မြေသင်းနံ့လေးရတဲ့ခဏ
အမောတွေပြေပျောက်ပါစေ….
Happy Myanmar New Year to you all 🍀
ဂျပန်ကဗျာလေး credit to
https://instagram.com/floren_megumi?igshid=qfc2n30ojohq

コメント
コメントを投稿