စတင်ပါ


ဒီဇိုင်နာဖြစ်ချင်တာ၊ သင်တန်းတက်ဖို့ပိုက်ဆံစုလိုက်ဦးမယ်။ စာရေးချင်တာ ကွန်ပျူတာကောင်းကောင်းလေးမရှိသေးလို့။ စာတွေဖတ်ချင်ပေမယ့် စာအုပ်မဝယ်နိုင်သေးဘူး။

လှလှလေးနေချင်ပေမယ့် skin careတွေက ဈေးကြီးတယ်။ ဗီဒီယိုလေးတွေဖန်တီးချင်ပေမယ့် ကင်မရာကောင်းကောင်းမဝယ်နိုင်သေးဘူး။ မီးမလာလို့ စာမကျက်တော့ဘူး။

ဒီအကြောင်းအရာတွေကို ဖတ်လိုက်တာနဲ့ ဒါတွေအကုန်လုံးက အကြောင်းပြချက်တွေပေးနေတာပဲဆိုတာ စာဖတ်နေတဲ့သူရော ကျွန်တော်ရော နားလည်ပါတယ်။ အချိန်တိုင်းမှာ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုလိမ်နေကြတယ်။ အရာအားလုံး perfectဖြစ်မှ၊ အရာအားလုံးပိုင်ဆိုင်ထားမှ အဆင်ပြေနေမှ စတင်မယ်ဆိုပြီး စိတ်ကူးထားတယ်ဆိုရင် ဒီလိုလေးတွေးကြည့်ပေးပါ။ အရာအားလုံးအဆင်ပြေနေမှတော့၊ အရာအားလုံးပိုင်ဆိုင်ထားမှတော့ စတင်စရာကိုမလိုနေပါဘူး။

■ စတင်ရတယ်ဆိုတာ ဘာမှအဆင်သင့်မဖြစ်သေးတဲ့အချိန် စတင်ရမှာပါ။

Start before you are ready.


■ ဖြစ်နိုင်ပါ့မလား ဆိုတဲ့ တွေဝေမှုတွေရှိနေရင်းနဲ့ကို စတင်ရမှာပါ။

Start with fear and doubt


■ အရာအားလုံးပိုင်ဆိုင်ထားတဲ့အခြေအနေရောက်မှမဟုတ်ဘဲ ရှိတာလေးတွေနဲ့ပဲ အရင်ဆုံးစတင်ရမှာဖြစ်ပါတယ်။

Start with what you have

コメント

このブログの人気の投稿

The Art of Interpretation

職場で他人の日本語ミスを指摘すべきか?

Keigo